Zawgyi





Ref – Android Authority

Unicode

Sony ရဲ့ PlayStation 4 Game Console အသုံးပြုသူတွေကို ဖုန်းမှာ Stream လုပ်ပြီး ဆော့ကစားနိုင်တဲ့ PS 4 Remote Play App က Sony Xperia စမတ်ဖုန်းတွေမှာပဲ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Sony ကနေ PS 4 Remote Play App ကို Device တွေအကုန်လုံးမှာ အသုံးပြုခွင့်ပေးလိုက်ပါပြီ။

Sony ရဲ့ ပြောကြားချက်အရ PS4 Game တွေကို Android Version 5.0 နဲ့အထက် စမတ်ဖုန်းတွေနဲ့ Tablet တွေမှာ Google Play Store ကနေ PS4 Remote Play App ကို Download လုပ်ပြီးတာနဲ့ PS4 Game တွေကို Stream လုပ်ပြီး ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

ဒ့ါအပြင် Sony ရဲ့ Dual Shock 4 Controller Support ကလည်း Android 10 Device တွေမှာ Bluetooth ကို အသုံးပြုပြီး ချိတ်ဆက်နိုင်ပြီဆိုတာကိုပါ ကြေညာသွားခဲ့ပါတယ်။ အဲ့ဒီအတွက် လက်ရှိ Controller Support ရနိုင်တဲ့ Android Game တွေအကုန်လုံးကို Dual Shock 4 Controller နဲ့ ဆော့ကစားနိုင်တော့မှာပါ။

Sony ဟာ ဒီ PS4 Remote Play Feature ကို ယခင်တုန်းက Sony ဖုန်းတွေအတွက်ပဲ သီးသန့်ပြုလုပ်ပေးထားတာဖြစ်ပေမယ့် အခုနောက်ပိုင်း Google Stadia လိုမျိုး Game Streaming Service တွေ ထွက်ရှိတော့မှာဖြစ်တဲ့အတွက် ယှဥ်ပြိုင်နိုင်အောင် Android Device အားလုံးအတွက် ထုတ်ပေးခဲ့တာဖြစ်နိုင်ပါတယ်။

Ref – Android Authority