Sony ဟာ မကြာခင်ကျင်းပတော့မယ့် Mobile World Congress – MWC 2018 Event မှာ Flagship တစ်မျိုး ကြေငြာသွားတော့မှာပဲဖြစ်ပါတယ်။ အခုကြေငြာသွားမယ့် Sony ရဲ့ Flagship ဖုန်းဟာ လက်ရှိဒီနှစ်ပိုင်းအတွင်းမှာ Sony ရဲ့ ဒီဇိုင်းပိုင်း ပြောင်းလဲမှုအရှိဆုံးစမတ်ဖုန်းဖြစ်လာမယ်လို့တောင် ပြောလို့ရနေပါတယ်။

အခုအချိန်မှာတော့ Sony ရဲ့ ယခုနှစ်မှာ ထွက်ရှိလာမယ့် Codename Xperia H8266 လို့ နာမည်ပေးထားတဲ့ စမတ်ဖုန်းရဲ့ အချက်အလက်တွေထွက်ပေါ်လာပြီပဲဖြစ်ပါတယ်။ အခုသတင်းကို နာမည်ကြီး Benchmarking Website တစ်ခုဖြစ်တဲ့ Antutu Benchmark ကနေ သိရှိရတာဖြစ်တဲ့အတွက် တော်တော်လေးကို သေချာနေပြီလို့ ပြောလို့ရပါတယ်။

အခုထွက်ရှိလာမယ့် Sony စမတ်ဖုန်းဟာ 18:9 Ratio Display ကို အသုံးပြုလာမှာပေမယ့် Resolution ကိုတော့ 4K မဟုတ်ပဲ Full HD+ ပဲအသုံးပြုလာတာကို တွေ့ရပါတယ်။ Processor အနေနဲ့ကတော့ အခုနှစ်ရဲ့ Flagship Processor ဖြစ်တဲ့ Snapdragon 845 Processor ကို အသုံးပြုထားပြီး RAM 4GB နဲ့အတူ 64GB Storage ပါဝင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းအနေနဲ့လည်း Sony ဟာ ပထမဆုံးအနေနဲ့ Dual Camera ကို အသုံးပြုလာမှာဖြစ်ပြီးတော့ 12MP Dual Back Camera နဲ့ 15MP Selfie Camera တွေပါဝင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ ကဲ… Sony ရဲ့ ပထမဆုံးအကြိမ် ဒီဇိုင်းပြောင်းပြီးထုတ်ထားတဲ့ဖုန်းက ဘယ်လိုဖြစ်လာမလဲ?