ကောင်းတဲ့အချက်

HD Resolution တောင် မဟုတ်တော့ဘဲ 4K Resolution ကို အသုံးပြုထားတဲ့ ဖုန်းဖြစ်ပါတယ်။ Processor က အရမ်းအားကောင်းတာကြောင့် ဖုန်းလေးမှာ ဖုန်းဟန်းမှာ မစိုးရိမ်ရတော့ပါဘူး။ အနှေးကွက် (Slow-Motion) ဗီဒီယို Mode လည်းပါဝင်လာပါတယ်။

မကောင်းတဲ့အချက်

ဖုန်းရဲ့ ဒီဇိုင်းက ပြောင်းလဲသွားခြင်းမရှိဘဲ အရင် Sony ဖုန်းတွေနဲ့ သိပ်မကွာပါဘူး။ ဒါကြောင့် လူတွေကို ငြီးငွေ့ စေပါတယ်။

Sony Xperia XZ Premimum ဖုန်းက ဖုန်းရဲ့ စွမ်းဆောင်ရည်မှုပိုင်းကို မြှင့်ထားတဲ့ဖုန်းဖြစ်ပြီး ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၈၀၀ နီးပါးနဲ့ ရောင်းချတာကြောင့် အနည်းငယ်မြင့်တယ်လို့ ဆိုနိုင်ပါတယ်။

Sony XZ Premium ကို အမေရိကန်ဒေါ်လာ ၈၀၀ နီးပါးနဲ့ ဇွန်လ ၁၉ ရက်နေ့မှာ အမေဇွန်နဲ့ Best Buy တို့မှာ စတင်ရောင်းချတော့မှာဖြစ်ပါတယ်။

ဒီဇိုင်း

ပြိုင်ဘက် Samsung Galaxy S8 တောင် ဖုန်းမှာ အနား ဘောင်မပါအောင် ဆန်းသစ်ထားတာကြောင့် အရင် ဒီဇိုင်းမျိုးကိုသာ သုံးထားတဲ့ Sony Xperia XZ Premium ကို လူတွေ စိတ်ဝင်စားဖို့တော့ ခဲယဉ်းပါလိမ့်မယ်။

Display resolution

သူ့မှာ 4K Display (3840×2160 Pixel) အသုံးပြုထားတာကြောင့် ကြည်လင်ပြတ်သားပြီး အရောင်တွေ ကြည်လင် စိုပြေနေပါတယ်။

Processor

အဲ့ဒီအပြင် Snapdragon 835 Octa-Core Processor ကို အသုံးပြုထားတာကြောင့် မိုဘိုင်း ဂိမ်းမျိုးစုံကို ဖုန်းမလေးဘဲ ဆော့နိုင်တဲ့အပြင် ဖုန်းနဲ့ ဓာတ်ပုံ Edit တွေကိုလည်း ကောင်းကောင်းလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

RAM က 4 GB ပါဝင်ပြီး Storage က 64 GB ရှိကာ 256 GB အထိ တိုးလို့ရပါတယ်။ Connector ကတော့ type C USB Connector ကို အသုံးပြုထားပါတယ်။

Slow Motion

Slow Motion ဗီဒီယို ရိုက်လို့ရတဲ့ စနစ်ကို ပထမဆုံး ထည့်သွင်းထားတဲ့ဖုန်းလို့တောင် ဆိုနိုင်ပါတယ်။ ကင်မရာ ကောင်းတယ်လို့ နာမည်ကြီးတဲ့ iPhone 7 မှာတောင် တစ်စက္ကန့်ကို ၂၄၀ ဖရိန်ဘဲ ရိုက်နိုင်တာဖြစ်ပြီး XZ Premium ဖုန်းမှာတော့ တစ်စက္ကန့်ကို ၉၆၀ ဖရိန် ရိုက်နိုင်ပါတယ်။

ကင်မရာရဲ့ Auto Mode နဲ့ ရိုက်ရင်လည်း အရောင်တွေ ကြည်လင်စိုပြေနေပြီး Exposure အမှန်ကို လည်း ရနိုင်ပါတယ်။

အလင်းအားနည်းတဲ့အချိန်မှာတောင် Noise နည်းအောင် ရိုက်နိုင်တာကြောင့် ကင်မရာတော်တော် ကောင်းတဲ့ဖုန်းလို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် iPhone နဲ့ Galaxy S8 တွေမှာလို HDR ကို Auto Mode နဲ့ သုံးလို့မရပါဘူး။

အရှေ့ကင်မရာကလည်း Wide Angle ရိုက်နိုင်တာကြောင့် သူငယ်ချင်းတွေ အများကြီးနဲ့လည်း Selfie ဆွဲလို့ရပါတယ်။ အရှေ့ကင်မရာက 13 Mega Pixel ရှိပါတယ်။ အနောက်ကင်မရာက 19 MP ရှိပါတယ်။

ဘက်ထရီ

ဘက်ထရီကလည်း 3230 mAh ဘက်ထရီကို အသုံးပြုထားတာကြောင့် တစ်ခါ အားသွင်းပြီးရင် တစ်နေ့လုံး ကောင်းကောင်း သုံးလို့ရပါတယ်။

Sony Xperia XZ Premium Specs Comparison

Specification