Sony ကနေ အခုလက်ရှိရောင်းချနေတဲ့ XZ Series, X Series, Z Series နဲ့ XA Series တွေအပြင် Series အသစ်တစ်ခုဖြစ်တဲ့ R Series ကို ထပ်မံထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ အခု ထွက်ရှိလာတဲ့ ဖုန်းသစ်တွေဖြစ်တဲ့ Sony R1 နဲ့ R1 Plus ဖုန်းတွေက ဈေးနှုန်းအနေနဲ့ သက်သာတယ်လို့ ပြောလို့ရတဲ့အတွက် Budget ဖုန်းအမျိုးအစားတွေလို့ သတ်မှတ်နိုင်မှာပါ။

Sony Xperia R1 မှာဆိုရင် 5.2″ Screen နဲ့ Resolution က 720p HD Resolution ရှိမှာဖြစ်ပါတယ်။ CPU အနေနဲ့ Snapdraogon 430 Octa Core CPU ကို သုံးထားပြီးတော့ RAM 2GB နဲ့ Storage 16GB ပါဝင်မှာဖြစ်ပါတယ်။ Camera အနေနဲ့ 13MP Back Camera နဲ့ 8 MP Front Selfie Camera ပါဝင်မှာပါ။

အခြားသော အချက်တွေအနေနဲ့ကတော့ Sony Xperia R1 မှာ 2620mAh Battery, Dual SIM Support, USB Type C နဲ့ Android 7.0 Nougat ကို သုံးထားမှာဖြစ်ပါတယ်။

Sony Xperia R1 Plus ကလည်း Sony Xperia R1 နဲ့ထပ်တူညီပြီးတော့ RAM 3GB နဲ့ 32GB Storage ပါဝင်တာပဲ ကွာခြားသွားမှာဖြစ်ပါတယ်။

Sony Xperia R1 ကို $215 နဲ့ R1 Plus ကိုတော့ $245 နဲ့ရောင်းချသွားမှာဖြစ်ပြီး အရောင်အနေနဲ့ အဖြုရောင် နဲ့ အနက်ရောင် ၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပါတယ်။