[Zawgyi]

SONY အမွတ္တံဆိပ္ဟာ အီလက္ထေရာနစ္ပစၥည္းေတြနဲ႔ပတ္သက္လာရင္ တန္ဖိုးျမင့္အမွတ္တံဆိပ္တစ္ခုအျဖစ္ ရပ္တည္ေနဆဲ ျဖစ္ပါတယ္။ စမတ္ဖုန္းနယ္ေျမမွာ SONY ရဲ႕ ထုတ္ကုန္ေတြဟာ ထိပ္ဆုံးနဲ႔ေဝးေနေပမယ့္ ကင္မရာပိုင္းမွာေတာ့ ေခသူမဟုတ္ဘူးလို႔ပဲ ဆိုရပါလိမ့္မယ္။

Sony IMX xxx Camera Sensor ေတြဆိုရင္ စမတ္ဖုန္းနယ္ပယ္နဲ႔ မစိမ္းတဲ့သူတိုင္း သိၾကပါလိမ့္မယ္။ IMX586 ဆိုရင္လည္း အထူးပဲေရပန္းစားခဲ့ၿပီး 48MP ကင္မရာတပ္ဆင္ထားတဲ့ စမတ္ဖုန္းအေတာ္မ်ားမ်ားမွာအသုံးျပဳခဲ့ၾကပါတယ္။ အခုေတာ့ ဂ်ပန္နည္းပညာကုမၸဏီႀကီးဟာ IMX586 ေနရာမွာ ဆက္ခံမယ့္ IMX686 sensor ကို လွစ္ဟျပသလိုက္ၿပီ ျဖစ္ပါတယ္။

Teaser မွာေတာ့ IMX686 sensor နဲ႔ပတ္သက္တဲ့ Resolution အေၾကာင္းကို ေဖာ္ျပျခင္းမရွိဘဲ ဖုံးကြယ္ထားခဲ့ပါတယ္။ ဒါေပမယ့္လည္း ေကာလာဟလသတင္းေတြအရ ဒီ Sensor ဟာ 60-64MP ကို ေထာက္ပံ့ေပးႏိုင္လိမ့္မယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ အနာဂတ္ Mid-ranger ေတြအေတာ္မ်ားမ်ားမွာလည္း ေတြ႕ျမင္လာရဖြယ္ ရွိေနပါတယ္။

Weibo မွာေတာ့ IMX686 sensor နဲ႔ပတ္သက္တဲ့ ဗီဒီယိုဖိုင္ကို ရွာေဖြၾကည့္ရႈႏိုင္မွာျဖစ္ၿပီး ဒီ Sensor ကို လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ထဲမွာမွ မိတ္ဆက္သြားဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ ကုမၸဏီဟာ Prototype board ကို ကြန္ပ်ဴတာနဲ႔ခ်ိတ္ဆက္ၿပီး၊ ဒီ Sensor နဲ႔႐ိုက္ကူးထားတဲ့ ဓါတ္ပုံအခ်ိဳ႕ကို ျပသခဲ့ေပမယ့္ Resolution အျပည့္နဲ႔ပုံေတြမဟုတ္တာေၾကာင့္ ပုံရဲ႕အရည္အေသြးအစစ္အမွန္ကို မေတြ႕ျမင္ႏိုင္ေသးတဲ့အေျခအေန ျဖစ္ပါတယ္။

Ref: GSM Arena

[Unicode]

လာမယ့်နှစ်မှာ IMX686 ကို မိတ်ဆက်လာမယ့် SONY

SONY အမှတ်တံဆိပ်ဟာ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ပတ်သက်လာရင် တန်ဖိုးမြင့်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ စမတ်ဖုန်းနယ်မြေမှာ SONY ရဲ့ ထုတ်ကုန်တွေဟာ ထိပ်ဆုံးနဲ့ဝေးနေပေမယ့် ကင်မရာပိုင်းမှာတော့ ခေသူမဟုတ်ဘူးလို့ပဲ ဆိုရပါလိမ့်မယ်။

Sony IMX xxx Camera Sensor တွေဆိုရင် စမတ်ဖုန်းနယ်ပယ်နဲ့ မစိမ်းတဲ့သူတိုင်း သိကြပါလိမ့်မယ်။ IMX586 ဆိုရင်လည်း အထူးပဲရေပန်းစားခဲ့ပြီး 48MP ကင်မရာတပ်ဆင်ထားတဲ့ စမတ်ဖုန်းအတော်များများမှာအသုံးပြုခဲ့ကြပါတယ်။ အခုတော့ ဂျပန်နည်းပညာကုမ္ပဏီကြီးဟာ IMX586 နေရာမှာ ဆက်ခံမယ့် IMX686 sensor ကို လှစ်ဟပြသလိုက်ပြီ ဖြစ်ပါတယ်။

Teaser မှာတော့ IMX686 sensor နဲ့ပတ်သက်တဲ့ Resolution အကြောင်းကို ဖော်ပြခြင်းမရှိဘဲ ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကောလာဟလသတင်းတွေအရ ဒီ Sensor ဟာ 60-64MP ကို ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့ သိရပါတယ်။ ဒါကြောင့် အနာဂတ် Mid-ranger တွေအတော်များများမှာလည်း တွေ့မြင်လာရဖွယ် ရှိနေပါတယ်။

Weibo မှာတော့ IMX686 sensor နဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်ကို ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပြီး ဒီ Sensor ကို လာမယ့် ၂၀၂၀ ပြည့်နှစ်ထဲမှာမှ မိတ်ဆက်သွားဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ Prototype board ကို ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး၊ ဒီ Sensor နဲ့ရိုက်ကူးထားတဲ့ ဓါတ်ပုံအချို့ကို ပြသခဲ့ပေမယ့် Resolution အပြည့်နဲ့ပုံတွေမဟုတ်တာကြောင့် ပုံရဲ့အရည်အသွေးအစစ်အမှန်ကို မတွေ့မြင်နိုင်သေးတဲ့အခြေအနေ ဖြစ်ပါတယ်။

Ref: GSM Arena