Zawgyi

ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီမွာ Sony ဟာ သူတုိ႔ရဲ႕စမတ္ဖုန္းေစ်းကြက္အေပၚ ထိုးေဖာက္ပုံေျပာင္းလဲမႈအျဖစ္ Xperia 1 ကို MWC ပြဲမွာ မိတ္ဆက္ခဲ့ပါတယ္။ ဇြန္လထဲမွာမွ Xperia 1 ဟာ ေစ်းကြက္ထဲ ေရာက္လာႏုိင္ခဲ့ေပမယ့္ Sony ကေတာ့ ဘာလင္ၿမိဳ႕မွာက်င္းပမယ့္ IFA 2019 ပြဲမွာပါ မ်ဳိးဆက္သစ္ထုတ္ကုန္ကို မိတ္ဆက္ႏုိင္ဖို႔ အလွ်င္အျမန္ပဲ ႀကိဳးစားလာပါၿပီ။

ယေန႔မွာ ေမာ္ဒယ္နံပါတ္ J8210 နဲ႔ J8010 မ်ားျဖင့္ ဖုန္းႏွစ္လုံးဟာ UAProf ဖိုင္ေပၚေရာက္လာခဲ့ၿပီး ဒီဖုန္းသစ္ႏွစ္လုံးဟာ လွ်ဳိ႕ဝွက္အမည္ SPHINX နဲ႔ HORUS ျဖစ္တယ္လို႔ အျခားရင္းျမစ္တစ္ခုက ဆုိပါတယ္။ ဒါတင္မကေသးဘဲ သူတုိ႔မွာ 5G Modem ေတြ ပါလာမယ္လို႔ပါ ဆုိထားတာပါ။

ဒီႏွစ္မ်ဳိးထဲမွာမွ J8210 ဖုန္းဟာ Sony ပြဲထုတ္မယ့္ ၾကယ္ပြင့္သစ္ျဖစ္လာႏုိင္ပါတယ္။ ဘာလို႔လဲဆုိရင္ Xperia 1 တုန္းက ေမာ္ဒယ္နံပါတ္ J8110 ျဖစ္ေနခဲ့လို႔ပါ။ ဒီ့အတြက္ J8210 ဖုန္းဟာ Xperia 2 လို႔ေခၚဆုိလာဖို႔ ေမွ်ာ္မွန္းေသာ္လည္း Xperia 1 Premium သို႔မဟုတ္ Xperia 1 5G လို႔လည္း ျဖစ္လာႏုိင္ေျခရွိပါေသးတယ္။ အေစာပုိင္းတုန္းက သတင္းေတြမွာလည္း Xperia 1v သို႔မဟုတ္ 1s လို႔ေခၚမယ့္ ဖုန္းအသစ္တစ္လုံးဟာ ေနာက္ေက်ာေထာင့္မွာ ကင္မရာသုံးလုံးဒီဇုိင္းနဲ႔ လာမယ့္ ဇူလိုင္ ၉ ရက္ေန႔မွာ မိတ္ဆက္လာမယ္လို႔ ဆုိထားပါေသးတယ္။

သူတုိ႔ရဲ႕ Specs ကလည္း အမ်ားႀကီးမျမင္ရေသးပါဘူး။ J8210 ဖုန္းမွာ 1920 x 1080p Resolution ကို ျမင္ရၿပီး ဒီပမာဏက လတ္တေလာစံအေနနဲ႔သတ္မွတ္ထားတဲ့ ပမာဏပါပဲ။ ျမင္ကြင္းအခ်ဳိးကေတာ့ 16:9 သာ ရွိပါတယ္။ J8010 ဖုန္းကေတာ့ 3840 x 1644p အထိ ရွိၿပီး လက္ရွိ Xperia 1 နဲ႔အတူတူပါ။

လာမယ့္ရက္ပုိင္းေတြမွာ ဒီဖုန္းႏွစ္လုံးနဲ႔ပတ္သက္ၿပီး သတင္းေတြပိုထြက္လာဦးမယ္လို႔ေတာ့ ေမွ်ာ္လင့္ရပါတယ္။ ဒါ့အျပင္ Sony ရဲ႕ ေကြးေခါက္ႏုိင္တဲ့ဟန္းဆက္တစ္ခုကိုလည္း 5G Modem နဲ႔ထုတ္လုပ္ေနၿပီး Xperia F အျဖစ္ ပြဲထြက္လာဖို႔ရွိတယ္လို႔ သတင္းေတြကဆုိေနပါတယ္။ အခုခ်ိန္မွာ ဒီသတင္းေတြ ဘယ္ေလာက္ စစ္မွန္ႏုိင္မလဲလို႔ သိရဖို႔အတြက္ေတာ့ အခ်ိန္ေစာင့္ရုံမွတပါး အျခားမရွိပါဘူး။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့ဖေဖော်ဝါရီမှာ Sony ဟာ သူတို့ရဲ့စမတ်ဖုန်းဈေးကွက်အပေါ် ထိုးဖောက်ပုံပြောင်းလဲမှုအဖြစ် Xperia 1 ကို MWC ပွဲမှာ မိတ်ဆက်ခဲ့ပါတယ်။ ဇွန်လထဲမှာမှ Xperia 1 ဟာ ဈေးကွက်ထဲ ရောက်လာနိုင်ခဲ့ပေမယ့် Sony ကတော့ ဘာလင်မြို့မှာကျင်းပမယ့် IFA 2019 ပွဲမှာပါ မျိုးဆက်သစ်ထုတ်ကုန်ကို မိတ်ဆက်နိုင်ဖို့ အလျှင်အမြန်ပဲ ကြိုးစားလာပါပြီ။

ယနေ့မှာ မော်ဒယ်နံပါတ် J8210 နဲ့ J8010 များဖြင့် ဖုန်းနှစ်လုံးဟာ UAProf ဖိုင်ပေါ်ရောက်လာခဲ့ပြီး ဒီဖုန်းသစ်နှစ်လုံးဟာ လျှို့ဝှက်အမည် SPHINX နဲ့ HORUS ဖြစ်တယ်လို့ အခြားရင်းမြစ်တစ်ခုက ဆိုပါတယ်။ ဒါတင်မကသေးဘဲ သူတို့မှာ 5G Modem တွေ ပါလာမယ်လို့ပါ ဆိုထားတာပါ။

ဒီနှစ်မျိုးထဲမှာမှ J8210 ဖုန်းဟာ Sony ပွဲထုတ်မယ့် ကြယ်ပွင့်သစ်ဖြစ်လာနိုင်ပါတယ်။ ဘာလို့လဲဆိုရင် Xperia 1 တုန်းက မော်ဒယ်နံပါတ် J8110 ဖြစ်နေခဲ့လို့ပါ။ ဒီ့အတွက် J8210 ဖုန်းဟာ Xperia 2 လို့ခေါ်ဆိုလာဖို့ မျှော်မှန်းသော်လည်း Xperia 1 Premium သို့မဟုတ် Xperia 1 5G လို့လည်း ဖြစ်လာနိုင်ခြေရှိပါသေးတယ်။ အစောပိုင်းတုန်းက သတင်းတွေမှာလည်း Xperia 1v သို့မဟုတ် 1s လို့ခေါ်မယ့် ဖုန်းအသစ်တစ်လုံးဟာ နောက်ကျောထောင့်မှာ ကင်မရာသုံးလုံးဒီဇိုင်းနဲ့ လာမယ့် ဇူလိုင် ၉ ရက်နေ့မှာ မိတ်ဆက်လာမယ်လို့ ဆိုထားပါသေးတယ်။

သူတို့ရဲ့ Specs ကလည်း အများကြီးမမြင်ရသေးပါဘူး။ J8210 ဖုန်းမှာ 1920 x 1080p Resolution ကို မြင်ရပြီး ဒီပမာဏက လတ်တလောစံအနေနဲ့သတ်မှတ်ထားတဲ့ ပမာဏပါပဲ။ မြင်ကွင်းအချိုးကတော့ 16:9 သာ ရှိပါတယ်။ J8010 ဖုန်းကတော့ 3840 x 1644p အထိ ရှိပြီး လက်ရှိ Xperia 1 နဲ့အတူတူပါ။

လာမယ့်ရက်ပိုင်းတွေမှာ ဒီဖုန်းနှစ်လုံးနဲ့ပတ်သက်ပြီး သတင်းတွေပိုထွက်လာဦးမယ်လို့တော့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် Sony ရဲ့ ကွေးခေါက်နိုင်တဲ့ဟန်းဆက်တစ်ခုကိုလည်း 5G Modem နဲ့ထုတ်လုပ်နေပြီး Xperia F အဖြစ် ပွဲထွက်လာဖို့ရှိတယ်လို့ သတင်းတွေကဆိုနေပါတယ်။ အခုချိန်မှာ ဒီသတင်းတွေ ဘယ်လောက် စစ်မှန်နိုင်မလဲလို့ သိရဖို့အတွက်တော့ အချိန်စောင့်ရုံမှတပါး အခြားမရှိပါဘူး။

Ref – GSM Arena