Sony ဟာ လာမယ့် Mobile World Congress – MWC 2018 မှာ ဒီဇိုင်းပြောင်းလဲမားတဲ့ Xperia စမတ်ဖုန်းတွေကို ပြသသွားမှာပဲဖြစ်ပါတယ်။ အခုလက်ရှိသိရှိရတဲ့ သတင်းတွေအရတော့ Sony ဟာ Flagship စမတ်ဖုန်းတင်မဟုတ်ပဲ အခြားသော Mid range Xperia စမတ်ဖုန်းတွေကိုလည်း ပြသသွားမယ်လို့ သိရပါတယ်။

Sony ဟာ အခု Mid Range ဖုန်းတွေကို Sony XA Series စမတ်ဖုန်းတွေလိုမျိုး MediTek Helio P Series Processor တွေအသုံးပြုလာမှာမဟုတ်ပဲ Snapdragon ရဲ့ စွမ်းဆောင်ရည်မြင့် Processor တစ်ခုဖြစ်တဲ့ Snapdragon 660 Processor ကို အသုံးပြုလာမှာပဲဖြစ်ပါတယ်။

အခု Devices တွေကိုတော့ Sony ကနေ Codename တွေပေးထားပြီးဖြစ်ပြီးတော့ Sony H3123 ၊ Sony H4113 ၊ Sony H4213 လို့ပေးထားတယ်လို့ သိရပြီးတော့ ဖြစ်နိုင်တာတစ်ခုက Sony ဟာ ယခင်က လူကြိုက်များခဲ့တဲ့ Xperia X Series ကို ပြန်လည်အသက်သွင်းတော့မယ့် ပုံပါပဲ။

Sony ရဲ့ အခု Snapdragon 660 Processor နဲ့ စမတ်ဖုန်းတွေဟာ RAM 3GB ဒါမှမဟုတ် RAM 4GB ပါဝင်လာမှာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့စွမ်းဆောင်ရည်ရှိမှာကတော့ အသေအချာပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ Sony ရဲ့ အကြံအစည်တွေအကုန်လုံးကို မြင်ရတော့မှာပါ။