Sony ကနေ လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် Mobile World Congress – MWC 2018 Event မှာ စမတ်ဖုန်းအသစ်တစ်လုံးကို ထုတ်ပြသွားတော့မှာဖြစ်ပါတယ်။

အခုထုတ်လုပ်သွားမယ့် Sony Xperia စမတ်ဖုန်းအသစ်ကတော့ Xperia XZ Pro လို့ နာမည်ပေးထားတယ်လို့ သိရပြီး Sony ရဲ့ ယခုနှစ်အတွက် ပထမဆုံးသော Flagship ဖုန်းတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ အဆိုပါဖုန်းကို Sony ကနေ နောက်လမှာ ကျင်းပမယ့် MWC 2018 ပွဲမှာ ပြသသွားမှာဖြစ်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

အဆိုပါ Sony Xperia XZ Pro စမတ်ဖုန်းဟာ 5.7″ OLED 4K Display ကို အသုံးပြုလာမှာဖြစ်ပြီး ဘေးဘောင်တွေပါဝင်မှာမဟုတ်တဲ့ 18:9 Full Screen Display အမျိုးအစားဖြစ်မယ်လို့ သိရပါတယ်။ Sony ရဲ့ ထုံးစံအတိုင်း ကင်မရာကလည်း ထိပ်တန်းအဆင့်ရှိနေမှာဖြစ်ပြီးတော့ 18MP + 13MP Dual Back Camera နဲ့ 13 MP Front Selfie Camera တွေပါဝင်လာမှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းအနေနဲ့လည်း Sony Xperia XZ Pro ဖုန်းမှာ Qualcomm Snapdragon 845 CPU ၊ RAM 6GB နဲ့ Storage 128 GB အထိပါဝင်မှာဖြစ်ပြီးတော့ IP 68 Water Resistant ပါဝင်ပြီးတော့ 3420mAh Battery ကို တပ်ဆင်ထားမှာဖြစ်ပါတယ်။

ဒါပေမယ့် အခု Sony ရဲ့ Xperia XZ Pro စမတ်ဖုန်းဟာ ဈေးနှုန်းအရ Sony ဖုန်းတွေထဲမှာ အမြင့်ဆုံးဖြစ်လာမှာဖြစ်ပြီး ဒေါ်လာ ၉၅၀ ဝန်းကျင်လောက်နဲ့ ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။