Sony ကနေ ထုတ်လုပ်ထားတဲ့ Flagship စမတ်ဖုန်းတွေကို ၅လက်မ Display အရွယ်နဲ့ Size ချူံပြီး Xperia Compact Series အနေနဲ့ ထုတ်လုပ်လာတာဟာ အခုဆိုရင် နှစ်နဲ့ချီကြာသွားပြီပဲဖြစ်ပါတယ်။ အခုအချိန်မှာလည်း Sony ကနေ နောက်ထပ် Compact ဖုန်းတစ်လုံးကို ပြုလုပ်ဦးမယ့်ပုံပါပဲ။

Sony ဟာ ယခုလမှာပြုလုပ်သွားမယ့် MWC 2018 Event မှာ လက်ရှိ Sony Xperia စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာမယ့် 18:9 Ratio 4K Display ၊ Dual Camera နဲ့ Snapdragon 845 Processor တွေပါဝင်လာမယ့် Sony Xperia XZ Pro စမတ်ဖုန်းကို ထုတ်ပြသွားမှာ ကျိန်းသေနေပြီးတော့ အခုထုတ်လုပ်မယ့် Compact ဖုန်းကတော့ 5″ အရွယ် 18:9 Display ကိုတပ်ဆင်ထားမှာဖြစ်ပြီးတော့ ဘေးဘောင်တွေကိုလည်း အထူးသေးငယ်အောင်ပြုလုပ်ထားမှာပဲဖြစ်ပါတယ်။

ဘေးဘောင်တွေကို ဘယ်လောက်တောင် ပိုပြီးပါးအောင် ပြုလုပ်ထားလဲဆိုရင် လက်ရှိ Sony ရဲ့ 5″ စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Sony XA1 ဖုန်းထက်တောင် 10mm လောက်ပိုပြီး ဖုန်းရဲ့ အရွယ်အစားသေးငယ်တယ်လို့ သိရပါတယ်။

Sony ရဲ့ အခု Xperia Compact စမတ်ဖုန်းဟာ Snapdragon 845 Processor ၊ RAM 4GB ၊ Internal Storage 64GB နဲ့ 3000mAh Battery ပါဝင်လာမှာဖြစ်တဲ့အတွက် အကောင်သေးပေမယ့် အဆိပ်တော့ပြင်းတဲ့ပုံပါပဲ။