Sony ကနေ အခုအချိန်မှာ ပြီးခဲ့တဲ့နှစ်တုန်းက ထုတ်လုပ်ထားခဲ့တဲ့ Sony Xperia Mid-Range ဖုန်းတွေဖြစ်တဲ့ Sony Xperia XA1, XA1 Plus နဲ့ XA1 Ultra ဖုန်းတွေအကုန်လုံးကို Android Version 8.0 Oreo ကို Update ပြုလုပ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။

အခု Android Oreo Update ကို ရရှိပြီဖြစ်တဲ့အတွက် Sony Xperia XA1 စမတ်ဖုန်းတွေက လက်ရှိအချိန်မှာ ထုတ်လုပ်ထားတဲ့ Mid Range ဖုန်းတွေထဲမှာ ပထမဆုံး Android Version ကို Update လုပ်ပေးတဲ့ဖုန်းတွေလို့လည်း ပြောလို့ရပါတယ်။

Sony ကနေ အခု Update ကို အခုမှ စတင်ပြီးထုတ်ပေးတာဖြစ်တဲ့အတွက် အချို့သော Devices တွေကတော့ Update ရတာ အနည်းငယ်နောက်ကျနိုင်ကြောင်းပြောကြားခဲ့ပါတယ်။

အခု Update ဟာ System Update ထဲမှာ Update ပြုလုပ်နိုင်မှာဖြစ်ပြီးတော့ Download ပြုလုပ်ရမယ့် File Size အနေနဲ့ 900MB ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။