Sony ကနေ Mid Range Series ဖြစ်တဲ့ XA Series စမတ်ဖုန်းတွေကို အခုနောက်ပိုင်းမှာ အာရုံစိုက်ပြီး ထုတ်လုပ်လာတာကို မျက်မြင်ပဲဖြစ်မှာပါ။ Sony XA, XA1, XA1 Ultra နဲ့ XA1 Plus ဖုန်းတွေထုတ်လုပ်ထားပြီး အခုလည်း နောက်ထပ် XA Series စမတ်ဖုန်းတစ်ခုကို အသစ်ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

Sony ကနေ အခုထပ်မံထုတ်လုပ်မယ့် XA Series စမတ်ဖုန်းကတော့ XA2 Ultra စမတ်ဖုန်းပဲဖြစ်ပြီး အခု XA2 Ultra ဖုန်းမှာ 6″ Full HD Display နဲ့ ကင်မရာပိုင်းအထူးကောင်းမွန်တဲ့ 21MP Back Camera နဲ့ 15MP Selfie Camera တွေပါဝင်မယ်လို့ သိရပါတယ်။ အဆိုပါ ကင်မရာ ၂ ခုစလုံးကလည်း 4K Video တွေကို ရိုက်ကူးနိုင်ဦးမှာပါ။

အခုထွက်ရှိလာမယ့် Sony XA2 Ultra စမတ်ဖုန်းမှာ ထူးခြားချက်တစ်ခုကတော့ CPU ကို ယခင် XA Series တွေလိုမျိုး MediaTek CPU ကိုပဲ သုံးစွဲလာမှာမဟုတ်တော့ပဲနဲ့ Snapdragon 630 CPU ကိုပြောင်းလဲသုံးစွဲမှာဖြစ်တယ်လို့ သိရပါတယ်။ အခြားစွမ်းဆောင်ရည်အနေနဲ့ လည်း RAM 4GB နဲ့ Storage 64GB ပါဝင်တဲ့အတွက် စွမ်းဆောင်ရည်ကောင်းတဲ့ဖုန်းတစ်ခုလို့ ပြောလို့ရမှာပါ။

အခုအချိန်မှာတော့ Sony ကနေ အခု Sony XA2 Ultra စမတ်ဖုန်းကို ဘယ်အချိန်မှာကြေငြာသွားမလဲဆိုတာကို တရားဝင်ပြောကြားထားခြင်းမရှိသေးပေမယ့် နောက်နှစ် အစောပိုင်း ဇန်နဝါရီလ ဒါမှမဟုတ် ဖေဖော်ဝါရီလမှာတော့ တွေ့မြင်လာရတော့မှာဖြစ်ပါတယ်။