Sony ကနေမကြာခင်မှာ Mid Range စမတ်ဖုန်းအသစ်တွေဖြစ်တဲ့ Sony Xperia L2 ၊ XA2 နဲ့ XA2 Ultra စမတ်ဖုန်းတွေကို ကြေငြာတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါစမတ်ဖုန်း ၃ လုံးကို မကြေငြာခင်မှာပဲ အဆိုပါ စမတ်ဖုန်းရဲ့ ပုံစံတွေက ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။

အရင်ဆုံး Sony XA2 နဲ့ XA2 Ultra စမတ်ဖုန်းတွေကတော့ ယခင်တုန်းက Sony XA1 စမတ်ဖုန်းတွေနဲ့ ဒီဇိုင်းပိုင်းတူညီသေးပေမယ့် Fingerprint Sensor ကို ဖုန်းရဲ့ နောက်ကျောဘက်ကို ရောက်ရှိသွားတာကိုတွေ့ရပါတယ်။ အဆိုပါ စမတ်ဖုန်း ၂ ခုစလုံးဟာ Qualcomm Snapdragon 630 Chipset နဲ့ Full HD Display တွေပါဝင်လာမှာဖြစ်ပါတယ်။ Screen Size အနေနဲ့ကတော့ Sony XA2 မှာ 5.2″ နဲ့ XA2 Ultra ဖုန်းမှာတော့ 6″ Screen တွေပါဝင်လာမှာပါ။

Sony XA2 စမတ်ဖုန်းမှာတော့ RAM 3GB နဲ့ ROM 32GB Version ပဲ ထွက်ရှိထားပြီးတော့ XA2 Ultra စမတ်ဖုန်းမှာပဲ RAM 4GB ၊ ROM 64GB Version ထွက်ရှိမယ်လို့ သိရပါတယ်။ အနောက်ဘက် ကင်မရာကတော့ ဖုန်း၂ မျိုးစလုံးမှာ 21MP camera ပါဝင်လာမှာဖြစ်ပြီး Selfie Camera ကတော့ XA2 မှာ 7MP Camera နဲ့ XA2 Ultra ဖုန်းမှာတော့ Dual 15MP Camera ပါဝင်လာမှာပါ။

Sony Xperia L2 စမတ်ဖုန်းကတော့ Entry စမတ်ဖုန်းတစ်ခုဖြစ်လာမှာဖြစ်ပြီးတော့ 5.2″ HD Display နဲ့ Fingerprint ပါဝင်မှာမဟုတ်ပဲ MediaTek CPU ကိုပဲအသုံးပြုလာမယ်လို့ယူဆရပါတယ်။

အခုလို Sony Xperia ဖုန်းအသစ်တွေကို Sony ကနေ နောက်တပတ်အတွင်းမှာ တရားဝင်မိတ်ဆက်နိုင်တယ်လို့ ယူဆရပါတယ်။