Sony ဟာ လာမယ့် မေလ ၁၁ ရက်နေ့မှာ Flagship ဖုန်းအသစ်ကို မိတ်ဆက်တော့မယ်ဆိုပြီး ကြေညာလိုက်ပါပြီ။​ အခု Sony ကနေ မိတ်ဆက်သွားမယ့်ဖုန်းကို တရားဝင်ပြောကြားခဲ့ခြင်းမရှိပေမယ့် Sony Xperia 1 V ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။

အဆိုပါ Sony Xperia 1 V ဖုန်းမိတ်ဆက်မယ့်အကြောင်းကို Sony ကနေ Teaser Video နဲ့ ကြေညာခဲ့တာဖြစ်ပြီး Video ထဲမှာ “The next ONE is coming” ဆိုတဲ့ စာသားနဲ့အတူ Camera ပိုင်းကို အဓိကထားပြီး ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် ယခင် Sony Flagship ဖုန်းတွေလိုမျိုးပဲ Camera ပိုင်းကို အဓိကဦးစားပေးထားဖို့က သေချာနေပါပြီ။

​Sony Xperia 1 V ဖုန်းဟာ အစောပိုင်းလတွေထဲက သတင်းတွေပေါက်ကြားခဲ့သလို ဒီဇိုင်းပိုင်းမှာလည်း ယခင် Xperia 1 IV နဲ့ ဆင်တူတဲ့ ဒီဇိုင်းကိုပဲ ဆက်လက်အသုံးပြုလာမယ်လို့ သိရပါတယ်။

Specification အနေနဲ့ကတော့ Qualcomm Snapdragon 8 Gen 2 Chipset အပြင် Camera ပိုင်းမှာ Triple Camera Setup ပါဝင်မှာဖြစ်ပြီး 12MP Main Sensor ​၊​ 12MP Periscope Telephoto Sensor နဲ့ 48MP Ultrawide Sensor တွေကို အသုံးပြုထားမှာဖြစ်ပါတယ်။

အခု Sony Xperia 1 V ဖုန်းကို စိတ်ဝင်စားတယ်ဆိုရင် Launch Event ကို မေလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁၀ နာရီ ၃၀ မိနစ်မှာ Sony Xperia YouTube Channel မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Sony Xperia Flagship ဖုန်းတွေဟာ ပုံမှန်အားဖြင့် Camera ပိုင်း နည်းပညာအသစ်တွေပါဝင်တတ်တာကြောင့် အခု Xperia 1 V ကလည်း ကင်မရာအကောင်းဆုံး Flagship ဖုန်းဖြစ်လာမလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။​

Ref – GSM Arena