Sony က Xperia 1 Mk V ကို ကြေညာဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။ အဲဒီ ဖုန်းကို လွန်ခဲ့တဲ့ ၂ လကျော်ကတည်းက Tease လုပ်ခဲ့တာ ဖြစ်ပြီး အရင်မျိုးဆက်တွေနဲ့ ဒီဇိုင်း တူညီပါတယ်။ အခုတော့ ဖုန်း ဒီဇိုင်းကို ပိုမိုသိလာရပါပြီ။ အဲဒီ စွမ်းရည်မြင့် ဖုန်းကို ဟောင်ကောင်က Billboard ၁ ခုမှာ တွေ့လာရပြီ ဖြစ်ပြီး အနောက်ကင်မရာ ၃ လုံးကို ဘဲဥပုံသဏ္ဍာန် Island ထဲမှာ ဒေါင်လိုက်တပ်ဆင်ထားကာ ပိုမိုကြီးမားတဲ့ Lenses တွေ ဖြစ်ပါတယ်။

Sony Xperia 1 V design revealed on billboards

အဲဒီ Billboard ဓါတ်ပုံ  ၁ ပုံဟာ Reddit မှာ ထွက်ပေါ်လာပြီး Xperia 1 အသစ်ရဲ့ Tagline မှာ “ One for all lights” နဲ့ “ Next-gen Double Low-noise Camera Sensor” လို့ ဖော်ပြထားပါတယ်။

အရင်သတင်းအရ Sony ဟာ ပင်မ ကင်မရာအတွက် IMX989 Sensor ကို အသုံးပြုထားမယ်လို့ သိခဲ့ရပေမယ့် MCSS (Multi-Camera Synchronisation System) နဲ့ ပေါင်းစပ်ကာ Low-noise Mode LN2 ကို ထောက်ပံ့တဲ့ တစ်ခုထဲသော ပလက်ဖောင်းဟာ IMX858 ဖြစ်တဲ့အတွက် ပင်မ ကင်မရာ အနေနဲ့ IMX858 ကို အသုံးပြုထားနိုင်ပါတယ်။

LN2 မှာ CMOS Sensor နည်းပညာရဲ့ Architecture အသစ်ကို အသုံးပြုထားပါတယ်။ Photodiodes နဲ့ Pixel Transistor တွေကို ရေပြင်ညီထားတဲ့အစား ထပ်ထားတဲ့အတွက် Dynamic Range ပိုတိုးတက်စေပြီး အလင်းပိုရကာ Noise ပိုမို လျှော့ချပေးနိုင်ပါတယ်။

Sony က တခြား ကုမ္ပဏီတွေလို မိတ်ဆက်ပွဲ မတိုင်ခင် ဖုန်းရဲ့ Specs တွေကို ကြိုတင်ပြောကြားလေ့ မရှိပါဘူး။ အဲဒီအတွက် မေလ ၁၁ ရက်နေ့ မိတ်ဆက်ပွဲကျမှ Xperia 1 V ရဲ့ သတင်းအချက်အလက်တွေကို သိရမှာပါ။

Ref : gsmarena