Sony က Xperia 10 V ကို ကြေညာလိုက်ပြီး စွမ်းရည်သင့် စမတ်ဖုန်း ဖြစ်ပါတယ်။ 5,000mAh Battery ပါတဲ့ ကမ္ဘာ့ အပေါ့ပါးဆုံး စမတ်ဖုန်း ဖြစ်ပြီး အလေးချိန်က ၁၅၉ ဂရမ် ဖြစ်ပါတယ်။

Sony Xperia 10 V is the lightest 5,000 mAh phone, packs a bigger main sensor

Snapdragon 695 Chipset မောင်းနှင်ထားပြီး 6GB/128GB ထုတ်လုပ်ထားကာ microSD Card စိုက်နိုင်ပါတယ်။

6.2” 1080p OLED မျက်နှာပြင် တပ်ဆင်ထားပြီး Sony က အရင်ကထက် ၁.၅ ဆ ပိုမို တောက်ပတယ်လို့ ပြောပါတယ်။ 60Hz Refresh Rate ပဲ ပါလာတာက ၂၀၂၃ ခုနှစ်မှာ စိတ်ပျက်စရာပါ။ မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး အနောက်ဘက်နဲ့ ဖရိမ်တွေက ပလတ်စတစ် ဖြစ်ပါတယ်။

Sony Xperia 10 V is the lightest 5,000 mAh phone, packs a bigger main sensor

တခြား သိသာတိုးတက်လာတာက ပင်မ ကင်မရာ ဖြစ်ပါတယ်။ Xperia 10 V မှာ 48MP ပင်မ ကင်မရာ တပ်ဆင်ထားပြီး OIS ထောက်ပံ့ထားပါတယ်။ တခြား ကင်မရာတွေက 8MP Telephoto နဲ့ 8MP Ultrawide တွေ ဖြစ်ပါတယ်။

Xperia 10 V မှာ 5,000mAh Battery တပ်ဆင်ထားပြီး အားသွင်းနှုန်းကို မဖော်ပြထားပါဘူး။ 21W Power Delivery ကို သုံးထားမယ်လို့ ထင်ပါတယ်။ IP65/68 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး Hi-Res Audio Support ပါတဲ့ နားကြပ်ပေါက်ပါပါတယ်။ စတီရီယို စပီကာတွေကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

Xperia 10 V ကို ဥရောပမှာ ၄၄၉ ယူရိုနဲ့ ဇွန်လလယ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena