Sony က စွမ်းရည်သင့် Xperia 10 VI ကို ကြေညာလိုက်ပါတယ်။ Sony ရဲ့ ထုံးစံအတိုင်း အထက်နဲ့ အောက်က ဘောင်တွေက အနည်းငယ်ထူပြီး ရှည်လျားတဲ့ 21:9 Aspect Ratio Screen တပ်ဆင်ထားပါတယ်။ 6.1” OLED FHD+ Display ပါလာပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး IP68 ရေစိုခံစံနှုန်း ပါပါတယ်။ ပါဝါခလုတ်အောက်မှာ ဘေးဘက်လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။

Sony Xperia 10 VI surfaces in press renders ahead of launch

Sony Xperia 10 VI ရဲ့ ဒီဇိုင်းဟာ ရိုးရှင်းပြီး အနောက်ဘက် ဘယ်ဘက်အထက်မှာ ဆေးတောင့်ပုံ ကင်မရာ Island  ထည့်သွင်းထားပါတယ်။ အနောက်ကင်မရာ ၂ လုံးက 48MP Main (OIS) နဲ့ 8MP Ultrawide Angle ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။

Sony Xperia 10 VI To Be Available In Malaysia In August - Lowyat.NET

Snapdragon 6 Gen 1 Processor မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage ထည့်သွင်းထားကာ microSD Card စိုက်နိုင်ပါတယ်။ 30W Fast Charging  ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။ Android 14 OS မောင်းနှင်ထားပြီး Black, White နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။

ဥရောပမှာ ၃၉၉ ယူရို သတ်မှတ်ထားပြီး ကြိုတင်မှာယူနိုင်ပြီကာ ဇွန်လလယ်မှာ ရောင်းချမှာပါ။

Ref : gizmochina