[Zawgyi]

Sony Xperia 2 ကေတာ့ စကတည္းက ယဥ္သကိုဆိုသလို ျဖစ္ေနပါတယ္။ Xperia 1 ေတာင္ ေဈးကြက္ထဲမေရာက္ေသးခ်ိန္ကတည္းက Xperia 2 အေၾကာင္းက ေပါက္ၾကားမႈေတြ ျဖစ္ေပၚေနခဲ့တာပါ။ ၿပီးခဲ့တဲ့ မတ္လတုန္းကတည္းက Xperia 2 ရဲ႕ spec ေတြကို ေဖာ္ျပခဲ့ပါေသးတယ္။

Sony ဟာ ကုမၸဏီရဲ႕ Flagship ဖုန္းေတြကို တစ္ႏွစ္မွာ ႏွစ္ႀကိမ္ ထုတ္ေလ့ရွိပါတယ္။ ဒါေၾကာင့္ Sony အေနနဲ႔ ဒီ IFA မွာ Xperia 1 ေနရာမွာ အစားထိုးမယ့္ Xperia 2 ကို ျပသမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Xperia 2 ကလည္း Sony ရဲ႕ ဒီဇိုင္းပိုင္းကို အစဥ္အလာမပ်က္ ဆက္လက္ထိန္းသိမ္းထားတာကို ေတြ႕ျမင္ရပါတယ္။

Xperia 2 ဟာ ထုံးစံအတိုင္း ရွည္လ်ားတဲ့ကိုယ္ထည္တည္ေဆာက္ပုံနဲ႔ ျဖစ္ပါတယ္။ အေပၚနဲ႔ေအာက္ Bezel ေတြကလည္း Xperia 1 နဲ႔ သိပ္ၿပီးကြာျခားမႈမရွိဘူးလို႔ ဆိုရမွာပါ။ အသံအတိုးအခ်ဲ႕ခလုတ္၊ အဖြင့္အပိတ္ခလုတ္၊ Fingerprint Sensor နဲ႔ Camera Key ေတြအားလုံးက ဖုန္းရဲ႕ ညာဘက္ျခမ္းမွာပဲ ရွိေနေတာ့ နည္းနည္း ခြတီးခြက်ႏိုင္တယ္လို႔ ဆိုရမွာပါ။

မ်က္ႏွာျပင္အခ်ိဳးက 21:9 အခ်ိဳးျဖစ္တာကလည္း Xperia 1 နဲ႔ အတူတူပါပဲ။ အခ်က္အလက္ အျပည့္အစုံကို တရားဝင္ မသိရေသးခင္ ေတြ႕ျမင္ႏိုင္တဲ့ သိသိသာသာကြာျခားမႈက ေက်ာဘက္ကင္မရာအေရအတြက္လို႔ ဆိုရပါမယ္။ ေက်ာဘက္မွာေတာ့ ကင္မရာ သုံးလုံးကို တပ္ဆင္ေပးထားတာပါ။ ေက်ာဘက္ကင္မရာ ေလးလုံးေခတ္ကို ေရာက္ေနၿပီဆိုေပမယ့္ Xperia 2 ရဲ႕ကင္မရာေတြကေတာ့ စိတ္ပ်က္သြားေစမယ္ မထင္ပါဘူး။

Xperia 1 က အေစာကတည္းက Snapdragon 855 SoC ကို သုံးထားၿပီး 4K OLED နဲ႔ပါ။ ဒါေၾကာင့္ Xperia 2 မွာေတာ့ သိပ္ၿပီးေျပာင္းလဲသြားဖို႔ကို ေမွ်ာ္လင့္ထားလို႔မရပါဘူး။ 5G ကြန္ရက္ ခ်ိတ္ဆက္အသုံးျပဳႏိုင္ဖို႔ေတာ့ ေမွ်ာ္လင့္ရေပမယ့္ လက္ရွိေဈးကြက္အေျခအေနအရ 5G ရျခင္း၊ မရျခင္းဟာ သိသာတဲ့ေရာင္းအားကြာျခားမႈကို မျဖစ္ေစႏိုင္ေသးပါဘူး။

Ref: Androidpolice

[Unicode]

IFA မှာ Xperia 2 ကို ပြသဖွယ်ရှိတဲ့ Sony

Sony Xperia 2 ကတော့ စကတည်းက ယဉ်သကိုဆိုသလို ဖြစ်နေပါတယ်။ Xperia 1 တောင် ဈေးကွက်ထဲမရောက်သေးချိန်ကတည်းက Xperia 2 အကြောင်းက ပေါက်ကြားမှုတွေ ဖြစ်ပေါ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်လတုန်းကတည်းက Xperia 2 ရဲ့ spec တွေကို ဖော်ပြခဲ့ပါသေးတယ်။

Sony ဟာ ကုမ္ပဏီရဲ့ Flagship ဖုန်းတွေကို တစ်နှစ်မှာ နှစ်ကြိမ် ထုတ်လေ့ရှိပါတယ်။ ဒါကြောင့် Sony အနေနဲ့ ဒီ IFA မှာ Xperia 1 နေရာမှာ အစားထိုးမယ့် Xperia 2 ကို ပြသမယ်လို့ မျှော်လင့်ရပါတယ်။ Xperia 2 ကလည်း Sony ရဲ့ ဒီဇိုင်းပိုင်းကို အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းထားတာကို တွေ့မြင်ရပါတယ်။

Xperia 2 ဟာ ထုံးစံအတိုင်း ရှည်လျားတဲ့ကိုယ်ထည်တည်ဆောက်ပုံနဲ့ ဖြစ်ပါတယ်။ အပေါ်နဲ့အောက် Bezel တွေကလည်း Xperia 1 နဲ့ သိပ်ပြီးကွာခြားမှုမရှိဘူးလို့ ဆိုရမှာပါ။ အသံအတိုးအချဲ့ခလုတ်၊ အဖွင့်အပိတ်ခလုတ်၊ Fingerprint Sensor နဲ့ Camera Key တွေအားလုံးက ဖုန်းရဲ့ ညာဘက်ခြမ်းမှာပဲ ရှိနေတော့ နည်းနည်း ခွတီးခွကျနိုင်တယ်လို့ ဆိုရမှာပါ။

မျက်နှာပြင်အချိုးက 21:9 အချိုးဖြစ်တာကလည်း Xperia 1 နဲ့ အတူတူပါပဲ။ အချက်အလက် အပြည့်အစုံကို တရားဝင် မသိရသေးခင် တွေ့မြင်နိုင်တဲ့ သိသိသာသာကွာခြားမှုက ကျောဘက်ကင်မရာအရေအတွက်လို့ ဆိုရပါမယ်။ ကျောဘက်မှာတော့ ကင်မရာ သုံးလုံးကို တပ်ဆင်ပေးထားတာပါ။ ကျောဘက်ကင်မရာ လေးလုံးခေတ်ကို ရောက်နေပြီဆိုပေမယ့် Xperia 2 ရဲ့ကင်မရာတွေကတော့ စိတ်ပျက်သွားစေမယ် မထင်ပါဘူး။

Xperia 1 က အစောကတည်းက Snapdragon 855 SoC ကို သုံးထားပြီး 4K OLED နဲ့ပါ။ ဒါကြောင့် Xperia 2 မှာတော့ သိပ်ပြီးပြောင်းလဲသွားဖို့ကို မျှော်လင့်ထားလို့မရပါဘူး။ 5G ကွန်ရက် ချိတ်ဆက်အသုံးပြုနိုင်ဖို့တော့ မျှော်လင့်ရပေမယ့် လက်ရှိဈေးကွက်အခြေအနေအရ 5G ရခြင်း၊ မရခြင်းဟာ သိသာတဲ့ရောင်းအားကွာခြားမှုကို မဖြစ်စေနိုင်သေးပါဘူး။

Ref: Androidpolice