[Zawgyi]

Sony ကေန Xperia 1 Flagship ဖုန္းကို ေဖေဖာ္ဝါရီလတုန္းကမွ မိတ္ဆက္ခဲ့တာျဖစ္ေပမယ့္ ေနာက္ထပ္အသစ္တစ္လံုးအေၾကာင္း သတင္းေတြ ထြက္လာျပန္ပါျပီ။

Xperia 1 တုန္းက 6.5-inch Display ကို 21:9 Aspect Ratio နဲ႔ ခပ္ရွည္ရွည္ဒီဇုိင္းပံုစံထြက္ခဲ့ျပီး Mid-Range ဖုန္းေတြျဖစ္တဲ့ Xperia 10 နဲ႔ Xperia 10 Plus တို႔ကုိလည္း တစ္ျပိဳင္နက္မိတ္ဆက္ခဲ့ပါတယ္။ သိပ္မၾကာခင္ အသစ္ေတြထပ္ထြက္မယ့္ထဲမွာေတာ့ Upper Mid-Range ဖုန္းျဖစ္တဲ့ Xperia 4 ကို မိတ္ဆက္လာမယ္လို႔ဆိုျပီး အခုလည္း ေနာက္ထပ္ဖုန္းတစ္လံုးအေၾကာင္း သတင္းေတြ ထပ္ထြက္လာျပန္ပါျပီ။

Xperia 1 နဲ႔ Xperia 4 မတုိင္ခင္ ၾကားထဲမွာ ထပ္ထြက္လာႏုိင္တာကေတာ့ Xperia 2 ေလးပဲျဖစ္ျပီးေတာ့ အခုလည္း သူနဲ႔ပတ္သက္တဲ့ Specs ေတြအေၾကာင္း Rumors ေတြ ထြက္လာပါျပီ။

Sony Xperia 2 Specifications (Rumors)

Xperia 2 မွာေတာ့ 21:9 Aspect Ratio နဲ႔ 6.2-inch CinemaWide Display ကိုမွ Resolution 2880×1234 pixels နဲ႔ ထြက္လာမွာ ျဖစ္ျပီးေတာ့ 161 ×70×8.1mm Dimension နဲ႔ ထြက္လာမယ္လို႔ သိရပါတယ္။

လက္ရိွအခ်ိန္မွာ Qualcomm ရဲ႕ အျမင့္ဆံုး Chipset ျဖစ္တဲ့ Snapdragon 855 Chiset ကို သံုးထားျပီး RAM 6GB နဲ႔ ထြက္လာမယ္လို႔ သိရပါတယ္။ Battery ကေတာ့ 3,000mAh Battery ျဖစ္ျပီးေတာ့ ၾကိဳးမဲ့အားသြင္းစနစ္လည္း ပါဝင္ဦးမွာပါ။ ခုထိသိရသေလာက္ကေတာ့ ထြက္လာမယ့္ Xperia 2 မွာ 3.5mm နားၾကပ္ေပါက္ပါဝင္ေတာ့မွာ မဟုတ္ပါဘူး။

ဒီတစ္ေခါက္ Xperia 2 မွာလည္း ကင္မရာ၃လံုးနဲ႔ ထြက္လာမယ္လို႔ သိရေပမယ့္ ဘယ္ေလာက္ MP ဘာ Sensor ေတြ သံုးထားလဲဆိုတာေတာ့ ခုထိမသိရေသးပါဘူး။ ၃လံုးထဲက ၁လံုးကေတာ့ ToF (Time of Flight) Sensor ျဖစ္ႏုိင္ျပီးေတာ့ က်န္တဲ့ Specification ေတြေတာ့ ခုထိမသိရေသးပါဘူး။

ခုခ်ိန္ထိ ခန္႔မွန္းရသေလာက္ဆိုရင္ Xperia 1 ကို Display ပိုင္း၊ ကင္မရာပိုင္းနဲ႔ ဘက္ထရီပိုင္းမွာဝိတ္ေလွ်ာ့ထားတဲ့ပံုစံအေနနဲ႔ ထြက္လာႏုိင္ျပီးေတာ့ က်န္တဲ့ Specs ေတြကေတာ့ သိပ္ကြာမွာမဟုတ္ပါဘူး။

Sony အေနနဲ႔ စက္တင္ဘာမွာ က်င္းပေလ့ရိွတဲ့ IFA နည္းပညာကုန္စည္ျပပြဲမွာ ဖုန္းအသစ္ေတြကို မိတ္ဆက္ေလ့ရိွတဲ့အတြက္ ဒီႏွစ္ 2019 IFA ပြဲက်ရင္ Xperia 2 ဖုန္းေတြကို ျမင္ရဖို႔မ်ားပါတယ္။

Xperia 1တုန္းက $999 (ျမန္မာေငြ ၁၅သိန္းဝန္းက်င္)နဲ႔ မိတ္ဆက္လိုက္တာဆုိေတာ့ Xperia 2 က်ရင္ $799(ျမန္မာေငြ ၁၂သိန္းဝန္းက်င္ခန္႔) နဲ႔ထြက္လာႏုိင္ျပီး ျမန္မာႏုိင္ငံကိုေရာက္ရင္ေတာ့ ေစ်းနႈန္းအနည္းငယ္ေျပာင္းလဲႏုိင္ပါတယ္။

Source: GizmoChina

[Unicode]

Sony ကနေ Xperia 1 Flagship ဖုန်းကို ဖေဖော်ဝါရီလတုန်းကမှ မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် နောက်ထပ်အသစ်တစ်လုံးအကြောင်း သတင်းတွေ ထွက်လာပြန်ပါပြီ။

Xperia 1 တုန်းက 6.5-inch Display ကို 21:9 Aspect Ratio နဲ့ ခပ်ရှည်ရှည်ဒီဇိုင်းပုံစံထွက်ခဲ့ပြီး Mid-Range ဖုန်းတွေဖြစ်တဲ့ Xperia 10 နဲ့ Xperia 10 Plus တို့ကိုလည်း တစ်ပြိုင်နက်မိတ်ဆက်ခဲ့ပါတယ်။ သိပ်မကြာခင် အသစ်တွေထပ်ထွက်မယ့်ထဲမှာတော့ Upper Mid-Range ဖုန်းဖြစ်တဲ့ Xperia 4 ကို မိတ်ဆက်လာမယ်လို့ဆိုပြီး အခုလည်း နောက်ထပ်ဖုန်းတစ်လုံးအကြောင်း သတင်းတွေ ထပ်ထွက်လာပြန်ပါပြီ။

Xperia 1 နဲ့ Xperia 4 မတိုင်ခင် ကြားထဲမှာ ထပ်ထွက်လာနိုင်တာကတော့ Xperia 2 လေးပဲဖြစ်ပြီးတော့ အခုလည်း သူနဲ့ပတ်သက်တဲ့ Specs တွေအကြောင်း Rumors တွေ ထွက်လာပါပြီ။

Sony Xperia 2 Specifications (Rumors)

Xperia 2 မှာတော့ 21:9 Aspect Ratio နဲ့ 6.2-inch CinemaWide Display ကိုမှ Resolution 2880×1234 pixels နဲ့ ထွက်လာမှာ ဖြစ်ပြီးတော့ 161 ×70×8.1mm Dimension နဲ့ ထွက်လာမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Qualcomm ရဲ့ အမြင့်ဆုံး Chipset ဖြစ်တဲ့ Snapdragon 855 Chiset ကို သုံးထားပြီး RAM 6GB နဲ့ ထွက်လာမယ်လို့ သိရပါတယ်။ Battery ကတော့ 3,000mAh Battery ဖြစ်ပြီးတော့ ကြိုးမဲ့အားသွင်းစနစ်လည်း ပါဝင်ဦးမှာပါ။ ခုထိသိရသလောက်ကတော့ ထွက်လာမယ့် Xperia 2 မှာ 3.5mm နားကြပ်ပေါက်ပါဝင်တော့မှာ မဟုတ်ပါဘူး။

ဒီတစ်ခေါက် Xperia 2 မှာလည်း ကင်မရာ၃လုံးနဲ့ ထွက်လာမယ်လို့ သိရပေမယ့် ဘယ်လောက် MP ဘာ Sensor တွေ သုံးထားလဲဆိုတာတော့ ခုထိမသိရသေးပါဘူး။ ၃လုံးထဲက ၁လုံးကတော့ ToF (Time of Flight) Sensor ဖြစ်နိုင်ပြီးတော့ ကျန်တဲ့ Specification တွေတော့ ခုထိမသိရသေးပါဘူး။

ခုချိန်ထိ ခန့်မှန်းရသလောက်ဆိုရင် Xperia 1 ကို Display ပိုင်း၊ ကင်မရာပိုင်းနဲ့ ဘက်ထရီပိုင်းမှာဝိတ်လျှော့ထားတဲ့ပုံစံအနေနဲ့ ထွက်လာနိုင်ပြီးတော့ ကျန်တဲ့ Specs တွေကတော့ သိပ်ကွာမှာမဟုတ်ပါဘူး။

Sony အနေနဲ့ စက်တင်ဘာမှာ ကျင်းပလေ့ရှိတဲ့ IFA နည်းပညာကုန်စည်ပြပွဲမှာ ဖုန်းအသစ်တွေကို မိတ်ဆက်လေ့ရှိတဲ့အတွက် ဒီနှစ် 2019 IFA ပွဲကျရင် Xperia 2 ဖုန်းတွေကို မြင်ရဖို့များပါတယ်။

Xperia 1တုန်းက $999 (မြန်မာငွေ ၁၅သိန်းဝန်းကျင်)နဲ့ မိတ်ဆက်လိုက်တာဆိုတော့ Xperia 2 ကျရင် $799(မြန်မာငွေ ၁၂သိန်းဝန်းကျင်ခန့်) နဲ့ထွက်လာနိုင်ပြီး မြန်မာနိုင်ငံကိုရောက်ရင်တော့ ဈေးနှုန်းအနည်းငယ်ပြောင်းလဲနိုင်ပါတယ်။

Source: GizmoChina