Unicode

Sony ကနေ လာမယ့် ဖေဖော်ဝါရီလမှာ ပြုလုပ်မယ့် Mobile World Congress (MWC) 2020 Event မှာ Xperia 2 အမည်ရှိတဲ့ Flagship စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်သွားမှာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အဆိုပါ Xperia 2 စမတ်ဖုန်းနဲ့ ပတ်သတ်တဲ့သတင်းအချို့ပေါက်ကြားခဲ့ပြီး အခုလည်း နောက်ထပ်သတင်းတွေထပ်ပြီး ပေါက်ကြားလာပြန်ပါပြီ။

လက်ရှိနောက်ဆုံးရရှိထားတဲ့သတင်းအရတော့ Sony Xperia 2 စမတ်ဖုန်းမှာ 4400mAh Battery ပါဝင်လာမှာဖြစ်ပါတယ်။ အဆိုပါ Xperia 2 စမတ်ဖုန်းဟာ တခြားသောနာမည်တွေဖြစ်တဲ့ Xperia 0 ၊ Xperia 1.1 နဲ့ Xperia 5 ဆိုပြီးလည်း မိတ်ဆက်လာနိုင်တယ်လို့ သိရပါတယ်။ Xperia 2 မှာပါဝင်လာမယ့် Battery ဓါတ်ပုံကိုတော့ Weibo Website မှာ ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။

ဒီ Battery ပမာဏဟာ တခြားသော Flagship စမတ်ဖုန်းတွေနဲ့ ယှဥ်ရင်တော့ အားနည်းနေသေးပေမယ့် ပြီးခဲ့တဲ့ Xperia 1 မှာ ပါဝင်ခဲ့တဲ့ 3300mAh Battery နဲ့ ယှဥ်ရင်တော့ ပိုပြီးများပြားလာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း 4K OLED Display ပါဝင်လာမှာဖြစ်တဲ့အတွက် Battery Life အနေနဲ့ကတော့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။

Xperia 2 စမတ်ဖုန်းဟာ Qualcomm Snapdragon 865 Processor ၊ 5G Support ၊ 4K Resolution ရှိတဲ့ 6.6″ 21:9 Aspect Ratio OLED Display ပါဝင်လာမှာဖြစ်ပါတယ်။

Ref – Gizmo China

Zawgyi

Sony ကေန လာမယ့္ ေဖေဖာ္ဝါရီလမွာ ျပဳလုပ္မယ့္ Mobile World Congress (MWC) 2020 Event မွာ Xperia 2 အမည္ရွိတဲ့ Flagship စမတ္ဖုန္းတစ္လုံးကို မိတ္ဆက္သြားမွာပါ။ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက အဆိုပါ Xperia 2 စမတ္ဖုန္းနဲ႔ ပတ္သတ္တဲ့သတင္းအခ်ိဳ႕ေပါက္ၾကားခဲ့ၿပီး အခုလည္း ေနာက္ထပ္သတင္းေတြထပ္ၿပီး ေပါက္ၾကားလာျပန္ပါၿပီ။

လက္ရွိေနာက္ဆုံးရရွိထားတဲ့သတင္းအရေတာ့ Sony Xperia 2 စမတ္ဖုန္းမွာ 4400mAh Battery ပါဝင္လာမွာျဖစ္ပါတယ္။ အဆိုပါ Xperia 2 စမတ္ဖုန္းဟာ တျခားေသာနာမည္ေတြျဖစ္တဲ့ Xperia 0 ၊ Xperia 1.1 နဲ႔ Xperia 5 ဆိုၿပီးလည္း မိတ္ဆက္လာႏိုင္တယ္လို႔ သိရပါတယ္။ Xperia 2 မွာပါဝင္လာမယ့္ Battery ဓါတ္ပုံကိုေတာ့ Weibo Website မွာ ေပါက္ၾကားလာခဲ့တာျဖစ္ပါတယ္။

ဒီ Battery ပမာဏဟာ တျခားေသာ Flagship စမတ္ဖုန္းေတြနဲ႔ ယွဥ္ရင္ေတာ့ အားနည္းေနေသးေပမယ့္ ၿပီးခဲ့တဲ့ Xperia 1 မွာ ပါဝင္ခဲ့တဲ့ 3300mAh Battery နဲ႔ ယွဥ္ရင္ေတာ့ ပိုၿပီးမ်ားျပားလာတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း 4K OLED Display ပါဝင္လာမွာျဖစ္တဲ့အတြက္ Battery Life အေနနဲ႔ကေတာ့ ႐ုန္းကန္ရဖြယ္ရွိေနပါတယ္။

Xperia 2 စမတ္ဖုန္းဟာ Qualcomm Snapdragon 865 Processor ၊ 5G Support ၊ 4K Resolution ရွိတဲ့ 6.6″ 21:9 Aspect Ratio OLED Display ပါဝင္လာမွာျဖစ္ပါတယ္။

Ref – Gizmo China