Zawgyi

ဂ်ာမန္ႏုိင္ငံ၊ ဘာလင္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ IFA 2019 ပြဲေတာ္မွာ Sony ဟာ သူတုိ႔ရဲ႕ Flagship အသစ္ Xperia 5 စမတ္ဖုန္းကို မိတ္ဆက္ခဲ့ပါတယ္။ ယခုအခါ ဂ်ပန္အေျခစုိက္ နည္းပညာကုမၸဏီႀကီးက သူတို႔ဟာ Xperia 5 ကို စက္တင္ဘာလ ၂၄ ရက္ေန႔မွာ တရုတ္ႏုိင္ငံေစ်းကြက္အတြက္ ေၾကညာသြားမယ္လို႔ အတည္ျပဳခဲ့ပါတယ္။

Sony Xperia 5 ကို တရုတ္မွာမိတ္ဆက္မယ့္ ရက္စြဲကေတာ့ စက္တင္ဘာ ၂၄ ရက္ေန႔ျဖစ္ၿပီး တုိက္တုိက္ဆုိင္ဆုိင္ အဲဒီေန႔မွာပဲ Xiaomi ကလည္း သူတုိ႔ရဲ႕ လူႀကိဳက္မ်ား Mi MIX စီးရီး Flagship ဖုန္းအသစ္ကို ေၾကညာမိတ္ဆက္လာဦးမွာပါ။ သူတုိ႔ရဲ႕ ပုိစတာထဲမွာ Sony Xperia 5 ရဲ႕ တရုတ္ျပည္မိတ္ဆက္ပြဲဟာ ေဒသစံေတာ္ခ်ိန္ မနက္ ၉း၃၀ မွာ စတင္သြားမယ္လို႔ ပါရွိၿပီး Xperia 5 ဖုန္းဟာ Blue, Black, Grey နဲ႔ Red ဆုိတဲ့ အေရာင္သုံးမ်ဳိးနဲ႔ ေရာက္ရွိလာမွာပါ။

Xperia 5 ရဲ႕ Specs ေတြကိုေတာ့ IFA 2019 မွာ မိတ္ဆက္ခဲ့တည္းက အကုန္အစင္ သိခဲ့ရၿပီးပါၿပီ။ ဒီဖုန္းဟာ 6.1” လက္မအရြယ္ OLED Display ကို 21:9 Ratio နဲ႔ျဖစ္ၿပီး Full HD+ ေထာက္ပံ့ေပးႏုိင္ပါတယ္။ အတြင္းမွာ Snapdragon 855 ခ်စ္ပ္ဆက္အသုံးျပဳထားၿပီး 3,140mAh ဘကၳရီကို 18W အားအျမန္သြင္းစနစ္နဲ႔ တြဲဖက္ထားပါတယ္။ မန္မုိရီပုိင္းကေတာ့ 6GB RAM နဲ႔ 128GB Storage တုိ႔ပါ။

ေနာက္ဘက္မွာ အခုတေလာအေတြ႕မ်ားေနတဲ့ Triple-camera ပဲျဖစ္ၿပီး 12MP f/1.6 အဓိက Sensor ကို 12MP Telephoto နဲ႔ 12MP Ultrawide Lens ေတြက အေဖာ္လုပ္ထားပါတယ္။ ေရွ႕ဘက္မွာေတာ့ 8MP Selfie ကင္မရာပါဝင္ၿပီး ဖုန္းကိုယ္ထည္ရဲ႕ေဘးဘက္မွာ Fingerprint တစ္ခုကို ေတြ႕ရမွာပါ။

Ref – PlayfulDroid

Unicode

ဂျာမန်နိုင်ငံ၊ ဘာလင်မြို့မှာ ကျင်းပခဲ့တဲ့ IFA 2019 ပွဲတော်မှာ Sony ဟာ သူတို့ရဲ့ Flagship အသစ် Xperia 5 စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ ယခုအခါ ဂျပန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးက သူတို့ဟာ Xperia 5 ကို စက်တင်ဘာလ ၂၄ ရက်နေ့မှာ တရုတ်နိုင်ငံဈေးကွက်အတွက် ကြေညာသွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

Sony Xperia 5 ကို တရုတ်မှာမိတ်ဆက်မယ့် ရက်စွဲကတော့ စက်တင်ဘာ ၂၄ ရက်နေ့ဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့မှာပဲ Xiaomi ကလည်း သူတို့ရဲ့ လူကြိုက်များ Mi MIX စီးရီး Flagship ဖုန်းအသစ်ကို ကြေညာမိတ်ဆက်လာဦးမှာပါ။ သူတို့ရဲ့ ပိုစတာထဲမှာ Sony Xperia 5 ရဲ့ တရုတ်ပြည်မိတ်ဆက်ပွဲဟာ ဒေသစံတော်ချိန် မနက် ၉း၃၀ မှာ စတင်သွားမယ်လို့ ပါရှိပြီး Xperia 5 ဖုန်းဟာ Blue, Black, Grey နဲ့ Red ဆိုတဲ့ အရောင်သုံးမျိုးနဲ့ ရောက်ရှိလာမှာပါ။

Xperia 5 ရဲ့ Specs တွေကိုတော့ IFA 2019 မှာ မိတ်ဆက်ခဲ့တည်းက အကုန်အစင် သိခဲ့ရပြီးပါပြီ။ ဒီဖုန်းဟာ 6.1” လက်မအရွယ် OLED Display ကို 21:9 Ratio နဲ့ဖြစ်ပြီး Full HD+ ထောက်ပံ့ပေးနိုင်ပါတယ်။ အတွင်းမှာ Snapdragon 855 ချစ်ပ်ဆက်အသုံးပြုထားပြီး 3,140mAh ဘက္ထရီကို 18W အားအမြန်သွင်းစနစ်နဲ့ တွဲဖက်ထားပါတယ်။ မန်မိုရီပိုင်းကတော့ 6GB RAM နဲ့ 128GB Storage တို့ပါ။

နောက်ဘက်မှာ အခုတလောအတွေ့များနေတဲ့ Triple-camera ပဲဖြစ်ပြီး 12MP f/1.6 အဓိက Sensor ကို 12MP Telephoto နဲ့ 12MP Ultrawide Lens တွေက အဖော်လုပ်ထားပါတယ်။ ရှေ့ဘက်မှာတော့ 8MP Selfie ကင်မရာပါဝင်ပြီး ဖုန်းကိုယ်ထည်ရဲ့ဘေးဘက်မှာ Fingerprint တစ်ခုကို တွေ့ရမှာပါ။

Ref – PlayfulDroid