Sony ကနေ ယခုနှစ်အတွင်းမှာ Flagship ဖုန်းအနေနဲ့ Xperia 1 V ဖုန်းကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတစ်ခုအရ Sony ကနေ မကြာခင်မှာ နောက်ထပ် Compact Flagship ဖုန်းတစ်လုံးဖြစ်တဲ့ Xperia 5 V ဖုန်းကို မိတ်ဆက်တော့မယ်လို့ သိရပါတယ်။

အဆိုပါသတင်းကို Sony ကိုယ်တိုင် YouTube Channel ကနေတစ်ဆင့် Launch Event ကို ကြေညာခဲ့တာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Xperia 5 V ဖုန်းအတွက် Teaser Video ကိုပါ ဖော်ပြခဲ့ပါသေးတယ်။

Sony Xperia 5 V ဖုန်းဟာ ထူးခြားချက်အနေနဲ့ Triple Camera Setup ကနေ Dual Camera Setup ကို ပြောင်းလဲအသုံးပြုထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် Sony ကတော့ Xperia 5 V ဖုန်းရဲ့ ကင်မရာပိုင်းကို အဓိကထားပြီး ကြော်ငြာထားသလို ဒီဇိုင်းပိုင်းမှာလည်း အရောင်တွေကို ပိုမိုစုံလင်စွာမိတ်ဆက်မယ်သွားမှာဖြစ်ပါတယ်။

Xperia 5 V ဖုန်းရဲ့ Specs တွေကတော့ Qualcomm Snapdragon 8 Gen 2 Chipset ၊ 16GB RAM ပါဝင်မှာဖြစ်ပြီး Battery ပိုင်းမှာ 33W Fast Charging ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ Teaser Video အရ Xperia 5 V ဖုန်းဟာ 3.5mm Audio Jack ကို ဆက်လက်ထည့်သွင်းထားဆဲဖြစ်ပါတယ်။

Ref – GSM Arena