[Zawgyi]

စမတ္ဖုန္း တစ္လုံးအတြက္ ကင္မရာဟာ အေရးႀကီးဆုံး အစိတ္အပိုင္းေတြထဲက တစ္ခုျဖစ္လာတာနဲ႔အမွ် စမတ္ဖုန္းထုတ္လုပ္သူေတြဟာ ကင္မရာအပိုင္းကိုလည္း ဦးစားေပး ပစ္မွတ္ထားလာၾကပါတယ္။ ကင္မရာ တစ္လုံးတည္းကေန ပုံထြက္ေကာင္းေအာင္ ျပဳလုပ္တယ္ဆိုတာထက္ ကင္မရာ Sensor ေတြ အမ်ားႀကီး အသုံးျပဳၿပီး ျမင္ကြင္းအမ်ိဴးမ်ိဴးကို ႐ိုက္ကူးႏိုင္ေအာင္ ျပဳလုပ္တာက သုံးစြဲသူေတြကို ပိုၿပီး အႀကိဳက္ေတြ႕ေစပါတယ္။ ဒါ့ေၾကာင့္လည္း အခုေနာက္ပိုင္း စမတ္ဖုန္းေတြမွာ ေက်ာဘက္ကင္မရာ အနည္းဆုံး ၂လုံးကေန အမ်ားဆုံး ၅လုံးအထိ ပါဝင္လာၾကတာပါ။

လက္ရွိမွာ ေက်ာဘက္မွာတင္ ကင္မရာ Sensor အမ်ားဆုံး တပ္ဆင္ထားသူဟာ Nokia 9 PureView ျဖစ္ၿပီး စုစုေပါင္း ကင္မရာ ၅လုံးအထိ ပါဝင္ပါတယ္။ RGB ကင္မရာ ၂လုံး နဲ႔ Monochrome ကင္မရာ ၃လုံးတို႔ကို ေပါင္းစပ္တပ္ဆင္ထားတာျဖစ္ေပမယ့္ 3D TOF (Time Of Flight) ကင္မရာလည္း ပါဝင္ပါေသးတယ္။ ဒီေန႔ ၾကားသိခဲ့ရတဲ့ သတင္းအရဆိုရင္ Nokia 9 PureView ဟာ ေက်ာဘက္ ကင္မရာအမ်ားဆုံး စမတ္ဖုန္းဆိုတဲ့ ဂုဏ္ကို အၾကာႀကီး သိမ္းပိုက္ထားႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔ထက္ ဆရာက်မယ့္ေကာင္ သိပ္မၾကာခင္မွာ ေပၚထြက္လာႏိုင္လို႔ပါ။

Samsung Leaks ေတြနဲ႔ ပတ္သက္ၿပီး လူသိမ်ားတဲ့ Tipster Max J. ဟာ Sony အေနနဲ႔ ေက်ာဘက္ ကင္မရာ ၆လုံးပါတဲ့ Xperia စမတ္ဖုန္းသစ္ကို ထုတ္လုပ္ေနၿပီ ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားလာပါတယ္။ ဒါ့အျပင္ Front Facing ကင္မရာကလည္း ၂လုံး တပ္ဆင္ထားတယ္လို႔ သိရပါတယ္။ အဆိုပါ Xperia စမတ္ဖုန္းသစ္ဟာ လက္ရွိမွာ တီထြင္ေနဆဲ အဆင့္သာရွိေသးတာေၾကာင့္ သူရဲ႕ ဒီဇိုင္းနဲ႔ Specs ေတြကိုေတာ့ အတိအက် မသိရေသးဘူးလို႔ ဆိုပါတယ္။ ဒါေပမယ့္ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ Main ကင္မရာအျပင္ Wide-angle Lens, Telephoto Lens, 3D TOF ကင္မရာနဲ႔ Monochrome ကင္မရာ ၂လုံးကို ေက်ာဘက္မွာ တြဲဖက္တပ္ဆင္ထားႏိုင္ၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာ Wide-angle Lens ပူးတြဲပါလာႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : Phonearena

[Unicode]

ကျောဘက် ကင်မရာ ၆လုံး ပါတဲ့ Sony Xperia စမတ်ဖုန်း ထွက်ပေါ်လာ

စမတ်ဖုန်း တစ်လုံးအတွက် ကင်မရာဟာ အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်လာတာနဲ့အမျှ စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ကင်မရာအပိုင်းကိုလည်း ဦးစားပေး ပစ်မှတ်ထားလာကြပါတယ်။ ကင်မရာ တစ်လုံးတည်းကနေ ပုံထွက်ကောင်းအောင် ပြုလုပ်တယ်ဆိုတာထက် ကင်မရာ Sensor တွေ အများကြီး အသုံးပြုပြီး မြင်ကွင်းအမျိူးမျိူးကို ရိုက်ကူးနိုင်အောင် ပြုလုပ်တာက သုံးစွဲသူတွေကို ပိုပြီး အကြိုက်တွေ့စေပါတယ်။ ဒါ့ကြောင့်လည်း အခုနောက်ပိုင်း စမတ်ဖုန်းတွေမှာ ကျောဘက်ကင်မရာ အနည်းဆုံး ၂လုံးကနေ အများဆုံး ၅လုံးအထိ ပါဝင်လာကြတာပါ။

လက်ရှိမှာ ကျောဘက်မှာတင် ကင်မရာ Sensor အများဆုံး တပ်ဆင်ထားသူဟာ Nokia 9 PureView ဖြစ်ပြီး စုစုပေါင်း ကင်မရာ ၅လုံးအထိ ပါဝင်ပါတယ်။ RGB ကင်မရာ ၂လုံး နဲ့ Monochrome ကင်မရာ ၃လုံးတို့ကို ပေါင်းစပ်တပ်ဆင်ထားတာဖြစ်ပေမယ့် 3D TOF (Time Of Flight) ကင်မရာလည်း ပါဝင်ပါသေးတယ်။ ဒီနေ့ ကြားသိခဲ့ရတဲ့ သတင်းအရဆိုရင် Nokia 9 PureView ဟာ ကျောဘက် ကင်မရာအများဆုံး စမတ်ဖုန်းဆိုတဲ့ ဂုဏ်ကို အကြာကြီး သိမ်းပိုက်ထားနိုင်တော့မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ထက် ဆရာကျမယ့်ကောင် သိပ်မကြာခင်မှာ ပေါ်ထွက်လာနိုင်လို့ပါ။

Samsung Leaks တွေနဲ့ ပတ်သက်ပြီး လူသိများတဲ့ Tipster Max J. ဟာ Sony အနေနဲ့ ကျောဘက် ကင်မရာ ၆လုံးပါတဲ့ Xperia စမတ်ဖုန်းသစ်ကို ထုတ်လုပ်နေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။ ဒါ့အပြင် Front Facing ကင်မရာကလည်း ၂လုံး တပ်ဆင်ထားတယ်လို့ သိရပါတယ်။ အဆိုပါ Xperia စမတ်ဖုန်းသစ်ဟာ လက်ရှိမှာ တီထွင်နေဆဲ အဆင့်သာရှိသေးတာကြောင့် သူရဲ့ ဒီဇိုင်းနဲ့ Specs တွေကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် တချိူ့သော ကျွမ်းကျင်ပညာရှင်တွေကတော့ Main ကင်မရာအပြင် Wide-angle Lens, Telephoto Lens, 3D TOF ကင်မရာနဲ့ Monochrome ကင်မရာ ၂လုံးကို ကျောဘက်မှာ တွဲဖက်တပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာ Wide-angle Lens ပူးတွဲပါလာနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : Phonearena