[Zawgyi]





Ref : gsmarena

[Unicode]

Dual Camera နဲ့ Snapdragon 630 ပါတဲ့ Sony Xperia 8 ကို ကွညော

Sony က မကြာခင်ကပဲ Xperia 5 ကို ကြေညာခဲ့ပါတယ်။ အခုတော့ ဂျပန်မှာ စွမ်းရည်သင့် Xperia 8 ကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ ဖုန်းမှာ ၆ လက်မ 21:9 Display ပါလာပြီး Xperia 10 နဲ့ အတော် ဆင်တူပါတယ်။ ဒါပေမယ့် အရှေ့နဲ့ အနောက်ဘက်မှာ Gorilla Glass 6 နဲ့ ကာကွယ်ထားပါတယ်။ နောက်ထပ် ပြောင်းလဲမှုက Xperia 8 မှာ 12MP Main Camera နဲ့ 8MP Ultrawide Angle Camera တို့ ပါလာတာပါ။

Xperia 8 မှာ ၆ လက်မ FHD+ 21:9 Display ပါလာပြီး မျက်နှာပြင် အရှည် ဒီဇိုင်းကြောင့် ရုပ်ရှင်နဲ့ ဗီဒီယိုတွေကြည့်ရင် အရမ်းကိုလန်းမှာပါ။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ စွမ်းရည်မြင့် Xperia Models တွေလို မဟုတ်ဘဲ Xperia 8 မှာ LCD Panel ကို သုံးထားပါတယ်။ ဖုန်းရဲ့ ညာဘက်ခြမ်းမှာ ပါဝါနဲ့ လက်ဗွေရာ အာရုံခံ ကိရိယာ ထည့်သွင်းထားပြီး Sony က Xperia 1 နဲ့ 5 တို့ရဲ့ Side Sense Touch Sensor ကို သုံးထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 158 x 69 x 8.1mm ဖြစ်ပြီး ၁၇၀ ဂရမ် အလေးချိန်ရှိပါတယ်။

စွမ်းရည်သင့် Snapdragon 630 Chipset , 4GB RAM နဲ့ 64GB Storage တွေ ပါပါတယ်။ microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပါတယ်။ 2,760mAh Battery ပါလာပြီး 18W Fast Charging ထည့်ထားပါတယ်။ IP65/68 စံနှုန်းရှိပြီး ရေစိုခံနိုင်သလို ဖုန်မဝင်အောင် ကာကွယ်ပေးပါတယ်။ 3.5mm Headphone Jack ပါပြီး LDAC ကြောင့် အသံအရည်အသွေး မြင့်မားပါတယ်။ NFC နဲ့ LED Notification Light တွေ ထည့်ထားပါတယ်။

ဂျပန်မှာ Xperia 8 ကို ဒီလနှောင်းပိုင်းမှာ ရောင်းချမှာ ဖြစ်ပြီး ယန်း ၅၄,၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇၇၀,၀၀၀ လောက်ရှိပါတယ်။ အဖြူ၊ အနက်၊ လိမ္မော်နဲ့ အပြာရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Ref : gsmarena