Sony ဟာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းတုန်းက Xperia Pro-I ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Sony ကနေ မိတ်ဆက်ခဲ့သမျှဖုန်းတွေထဲမှာ ကင်မရာပိုင်းကို အဓိကထားတာတဲ့ဖုန်းတစ်လုံးဖြစ်ပြီး အထူးသဖြင့် Sony Alpha Mirrorless Camera တွေနဲ့ပါ တွဲဖက်အလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။

အခုလည်း Sony ကနေ Xperia Pro-I ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်လာမယ့် Xperia Pro-I II ဖုန်းကို မိတ်ဆက်ဖို့ စီစဥ်နေပြီလို့ သိရပါတယ်။ လက်ရှိထွက်ရှိထားတဲ့သတင်းတွေအရ Xperia Pro-I II ဖုန်းဟာ ကင်မရာပိုင်းမှာ သိသာတဲ့တိုးတက်မှုတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် Xperia Pro-I II ဖုန်းမှာ အသုံးပြုလာတဲ့ Camera Sensor ဟာ လက်ရှိ တချို့ Flagship ဖုန်းတွေပဲ အသုံးပြုနေတဲ့ 1.0-inch Sensor အမျိုးအစားဖြစ်လာမှာပါ။ ဒါတင်မဟုတ်သေးဘဲ Sony ဟာ Xperia Pro-I II ဖုန်းအတွက် 1.0-inch Sensor တစ်လုံးတည်းမဟုတ်ဘဲ ၂ လုံးထည့်သွင်းထားမှာဖြစ်ပါတယ်။

ဒါကြောင့် Xperia Pro-I II ဖုန်းဟာ 1.0-inch Sensor ၂ လုံးပါဝင်တဲ့တစ်ခုတည်းသော စမတ်ဖုန်းဖြစ်လာမှာဖြစ်ပြီး ဖြစ်နိုင်ခြေများတာက Main Sensor နဲ့ Telephoto Sensor အတွက် အသုံးပြုသွားမယ်လို့ ခန့်မှန်းရပါတယ်။ မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရှိရသေးတဲ့အတွက် ဆက်လက်စောင့်ဆိုင်းရဦးမှာပါ။

Ref – GSM Arena