[Zawgyi]

Sony မ်ိဴးဆက္သစ္ စမတ္ဖုန္းေတြ ျဖစ္တဲ့ Xperia XA3 စီးရီးရဲ႕ အခ်က္အလက္တခ်ိဴ႕ဟာ ဒီလ အေစာပိုင္းတုန္းက ေပါက္ၾကားထြက္ေပၚခဲ့ဖူးပါတယ္။ အခုအခါမွာလည္း Xperia XA3 စီးရီးနဲ႔ ပတ္သတ္ၿပီး အခ်က္အလက္တခ်ိဴ႕ ေပၚထြက္လာျပန္ပါတယ္။

လက္ရွိ ၾကားသိေနရတဲ့ သတင္းေတြအရဆိုရင္ Sony အေနနဲ႔ Xperia XA3, Xperia XA3 Ultra နဲ႔ Xperia L3 စမတ္ဖုန္းေတြကို မိတ္ဆက္ဖို႔အတြက္ ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။ အဆိုပါ Xperia XA3 စီးရီးရဲ႕ ေမာ္ဒယ္နံပါတ္ေတြဟာ 14113, 14213 နဲ႔ 14312 တို႔ျဖစ္ၾကၿပီး ႐ုရွားႏိုင္ငံ အေျခစိုက္ Eurasian Economic Commission (EEC) ကေန တစ္ဆင့္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။ Sony ဟာ Xperia XA2 စီးရီးျဖစ္တဲ့ Xperia XA2, Xperia XA2 Ultra နဲ႔ Xperia L2 တို႔ကို CES 2018 မွာ မိတ္ဆက္ခဲ့တဲ့အတြက္ အခု Xperia XA3 စီးရီးကိုလည္း ေနာက္လထဲမွာ က်င္းပမယ့္ CES 2019 မွာ မိတ္ဆက္ႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ေလာေလာဆယ္ Xperia XA3 နဲ႔ XA3 Ultra တို႔ရဲ႕ အခ်က္အလက္တခ်ိဴ႕ကိုသာ သိရွိရေသးတာ ျဖစ္ၿပီး Xperia L3 ရဲ႕ အေၾကာင္းကိုေတာ့ တိတိက်က် မသိရေသးပါဘူး။ Xperia XA3 ရဲ႕ Display အပိုင္းအတြက္ 5.9” (1080 x 2160 pixels) Display အမ်ိဴးအစားကို အသုံးျပဳထားႏိုင္ၿပီး 18:9 Aspect ratio နဲ႔ ပြဲထြက္လာႏိုင္ပါတယ္။ Mid-range SoC အမ်ိဴးအစားျဖစ္တဲ့ Snapdragon 660 ကို အသုံးျပဳထားႏိုင္ၿပီး RAM အေနနဲ႔ 6GB အထိ ပါဝင္လာဖြယ္ ရွိပါတယ္။ Internal Storage ကိုေတာ့ 64GB သာ ထည့္သြင္းထားႏိုင္ပါတယ္။

ေနာက္ေက်ာဘက္မွာ Dual Camera Setup ကို အလ်ားလိုက္ တပ္ဆင္ထားတာ ေတြ႕ရၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ ႏွစ္လိုဖြယ္ မေကာင္းတဲ့ ဒီဇိုင္းနဲ႔အတူ ႀကီးမားတဲ့ အထက္/ေအာက္ ေဘာင္ေတြကို ျမင္ေတြ႕ရမွာပါ။ Fingerprint Sensor ကို ေက်ာဘက္မွာ မဟုတ္ဘဲ ေဘးေဘာင္ထဲမွာ Side-mounted Fingerprint Sensor အျဖစ္ ထည့္သြင္းတပ္ဆင္ထားႏိုင္ပါတယ္။

Xperia XA3 Ultra ရဲ႕ Specification တခ်ိဴ႕က XA3 နဲ႔တူညီေနၿပီး Screen Size, Battery နဲ႔ Camera Sensor အသုံးျပဳမႈေတြမွာ အနည္းငယ္ ကြာျခားသြားႏိုင္ပါတယ္။ ဘာဘဲျဖစ္ျဖစ္ CES 2019 က ေနာက္လထဲမွာ က်င္းပမွာ ျဖစ္တာေၾကာင့္ Specifications ေတြ တိတိက်က် သိဖို႔ဆိုရင္ အခ်ိန္အၾကာႀကီး ေစာင့္စရာ လိုအပ္မွာ မဟုတ္ပါဘူး။

Ref : gadgets.ndtv

[Unicode]

CES 2019 မှာ မြင်တွေ့နိုင်တဲ့ SONY ဖုန်းများ

Sony မျိူးဆက်သစ် စမတ်ဖုန်းတွေ ဖြစ်တဲ့ Xperia XA3 စီးရီးရဲ့ အချက်အလက်တချိူ့ဟာ ဒီလ အစောပိုင်းတုန်းက ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုအခါမှာလည်း Xperia XA3 စီးရီးနဲ့ ပတ်သတ်ပြီး အချက်အလက်တချိူ့ ပေါ်ထွက်လာပြန်ပါတယ်။

လက်ရှိ ကြားသိနေရတဲ့ သတင်းတွေအရဆိုရင် Sony အနေနဲ့ Xperia XA3, Xperia XA3 Ultra နဲ့ Xperia L3 စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။ အဆိုပါ Xperia XA3 စီးရီးရဲ့ မော်ဒယ်နံပါတ်တွေဟာ 14113, 14213 နဲ့ 14312 တို့ဖြစ်ကြပြီး ရုရှားနိုင်ငံ အခြေစိုက် Eurasian Economic Commission (EEC) ကနေ တစ်ဆင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ Sony ဟာ Xperia XA2 စီးရီးဖြစ်တဲ့ Xperia XA2, Xperia XA2 Ultra နဲ့ Xperia L2 တို့ကို CES 2018 မှာ မိတ်ဆက်ခဲ့တဲ့အတွက် အခု Xperia XA3 စီးရီးကိုလည်း နောက်လထဲမှာ ကျင်းပမယ့် CES 2019 မှာ မိတ်ဆက်နိုင်တယ်လို့ မျှော်လင့်ရပါတယ်။

လောလောဆယ် Xperia XA3 နဲ့ XA3 Ultra တို့ရဲ့ အချက်အလက်တချိူ့ကိုသာ သိရှိရသေးတာ ဖြစ်ပြီး Xperia L3 ရဲ့ အကြောင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ Xperia XA3 ရဲ့ Display အပိုင်းအတွက် 5.9” (1080 x 2160 pixels) Display အမျိူးအစားကို အသုံးပြုထားနိုင်ပြီး 18:9 Aspect ratio နဲ့ ပွဲထွက်လာနိုင်ပါတယ်။ Mid-range SoC အမျိူးအစားဖြစ်တဲ့ Snapdragon 660 ကို အသုံးပြုထားနိုင်ပြီး RAM အနေနဲ့ 6GB အထိ ပါဝင်လာဖွယ် ရှိပါတယ်။ Internal Storage ကိုတော့ 64GB သာ ထည့်သွင်းထားနိုင်ပါတယ်။

နောက်ကျောဘက်မှာ Dual Camera Setup ကို အလျားလိုက် တပ်ဆင်ထားတာ တွေ့ရပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ နှစ်လိုဖွယ် မကောင်းတဲ့ ဒီဇိုင်းနဲ့အတူ ကြီးမားတဲ့ အထက်/အောက် ဘောင်တွေကို မြင်တွေ့ရမှာပါ။ Fingerprint Sensor ကို ကျောဘက်မှာ မဟုတ်ဘဲ ဘေးဘောင်ထဲမှာ Side-mounted Fingerprint Sensor အဖြစ် ထည့်သွင်းတပ်ဆင်ထားနိုင်ပါတယ်။

Xperia XA3 Ultra ရဲ့ Specification တချိူ့က XA3 နဲ့တူညီနေပြီး Screen Size, Battery နဲ့ Camera Sensor အသုံးပြုမှုတွေမှာ အနည်းငယ် ကွာခြားသွားနိုင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် CES 2019 က နောက်လထဲမှာ ကျင်းပမှာ ဖြစ်တာကြောင့် Specifications တွေ တိတိကျကျ သိဖို့ဆိုရင် အချိန်အကြာကြီး စောင့်စရာ လိုအပ်မှာ မဟုတ်ပါဘူး။

Ref : gadgets.ndtv