Sony ကနေ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ပြုလုပ်ခဲ့တဲ့ Mobile World Congress – MWC 2018 မှာ ဒီနှစ်အတွက် Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Sony Xperia XZ2 နဲ့ XZ2 Compact ဖုန်းတွေကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာ Strategy Analytics ရဲ့ စစ်ဆေးမှုအရ လက်ရှိအချိန်မှာ Premium Flagship စမတ်ဖုန်းတွေအားလုံးထဲမှာ Sony ရဲ့ Xperia XZ2 နဲ့ XZ2 Compact စမတ်ဖုန်းတွေဟာ Battery Life အကောင်းဆုံးသော စမတ်ဖုန်းတွေအဖြစ်သတ်မှတ်ခံလိုက်ရပြီပဲဖြစ်ပါတယ်။

ဒါပေမယ့် အခုစစ်ဆေးမှုဟာ Battery ပမာဏနဲ့ စစ်ဆေးတာမျိုးမဟုတ်ပဲ တစ်နေ့ကို ၁၆ နာရီခန့် ဖုန်းပြောခြင်း၊ အင်တာနက်အသုံးပြုခြင်း၊ Social Media နဲ့ Game ဆော့ခြင်း၊ ကင်မရာနဲ့ အခြားသော Multimedia တွေကို အသုံးပြုပြီးတော့ စမ်းသပ်တာဖြစ်တဲ့အတွက် တကယ့်လက်တွေ့ဘဝမှာလည်း Battery Life အကောင်းဆုံးဖုန်းရွေးချယ်တာဆိုလည်း မမှားပါဘူး။

အခု စစ်ဆေးမှုတွေအရတော့ Sony Xperia XZ2 စမတ်ဖုန်းဟာ လက်ရှိအချိန်မှာ ၃၆ နာရီ ၀၁ မိနစ်အထိ အသုံးခံပြီးတော့ အခြားသော Samsung Galaxy S9 ၊ Apple iPhone X နဲ့ Huawei P10 စမတ်ဖုန်းတွေထက် သိသိသာသာကို Battery ခံနေတာဖြစ်ပါတယ်။ Sony Xperia XZ2 စမတ်ဖုန်းတွေဟာ တော်တော်လေးကို အချိန်ကြာပြီးမှ ဒီဇိုင်းပြောင်းလဲလိုက်တဲ့ဖုန်းတွေလည်းဖြစ်ပါတယ်။