Zawgyi

ေနာက္အပတ္ထဲမွာ စတင္ေတာ့မယ့္ ဘာလင္ၿမိဳ႕ IFA 2019 ပြဲမွာ Sony ရဲ႕ Xperia 2 ဖုန္းအသစ္ကို ျမင္ေတြ႕ရမွာပါ။ ဒါေပမယ့္ မေန႔က Sony Xperia 2 ရဲ႕ ပုံအခ်ဳိ႕ထြက္ေပၚလာခဲ့ၿပီး ဖုန္းရဲ႕ပုံစံကို ခန္႔မွန္းႏုိင္ေစခဲ့သလို ယေန႔မွာ Xperia 2 ကို ဘက္ေပါင္းစုံက ရုိက္ကူးထားတဲ့ ဓါတ္ပုံေတြပါ ေပၚထြက္လာပါတယ္။

အေရာင္မ်ဳိးစုံနဲ႔ထြက္ေပၚလာတဲ့ ပုံေတြထဲမွာ Xperia 2 ဟာ အခုႏွစ္ ဇြန္လမွာမွ ေစ်းကြက္ထဲ ေရာက္ခဲ့တဲ့ Xperia 1 နဲ႔ ေတာ္ေတာ္ေလးဆင္တူေနပါတယ္။ ဒါေပမယ့္ ေနာက္ဘက္ကင္မရာသုံးလုံးတြဲကေတာ့ အလယ္တည့္တည့္ကေန ဘယ္ဘက္ကို ေရႊ႕သြားတာ ျမင္ရမွာပါ။

Xperia 2 ရဲ႕ဘယ္ဘက္မွာ SIM Slot ကိုေတြ႕ရၿပီး ညာဘက္မွာေတာ့ အသံတုိးခ်ဲ႕နဲ႔ ပါဝါခလုပ္ေတြ ၾကားထဲက Fingerprint ကိုေတြ႕ရမွာပါ။ သူ႕ရဲ႕ေအာက္ဘက္မွာ Sony ထုတ္ဟန္းဆက္ေတြမွာသာ ျမင္ရေလ့ရွိတဲ့ Camera Shutter သီးသန္႔ခလုပ္ေလးတစ္ခုလည္း ပါပါတယ္။ Xperia 1 မွာ 3.5mm Jack မပါခဲ့သလိုပဲ Xperia 2 မွာလည္း မျမင္ရပါဘူး။

လက္ရွိမွာသိထားရသေလာက္ Sony Xperia 2 မွာ 6.1” လက္မအရြယ္ 21:9 Display တစ္ခုပါဝင္မွာ ျဖစ္ကာ Xperia 1 ထက္ 0.4” လက္မ ပိုငယ္ပါတယ္။ ဒါ့ေၾကာင့္ Xperia 1 မွာပါခဲ့တဲ့ 3,330 mAh ဘကၳရီထက္ ပိုေလွ်ာ့ခ်လာႏုိင္ေျခလည္း ရွိေနတယ္။ အတြင္းပိုင္းမွာ Snapdragon 855 ခ်စ္ပ္ဆက္ကို 6GB RAM နဲ႔တြဲလာမွာ ျဖစ္ၿပီး Storage ကေတာ့ 128GB ျဖစ္မွာပါ။

လက္ရွိအခ်ိန္မွာ ကင္မရာနဲ႔ပတ္သက္တဲ့ Specs ေတြကိုေတာ့မသိရေသးပါဘူး။ Sony ကလည္း Xperia 2 အေၾကာင္းကို လက္ရွိမွာမေျပာေသးေပမယ့္ IFA ဘာလင္ပြဲမွာ ေစ်းႏႈန္းနဲ႔အျခား Specs ေတြကို သိရမွာ ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

ရှုထောင့်ပေါင်းစုံကရိုက်ထားတဲ့ Sony Xperia 2 ဓါတ်ပုံတွေထွက်လာ

နောက်အပတ်ထဲမှာ စတင်တော့မယ့် ဘာလင်မြို့ IFA 2019 ပွဲမှာ Sony ရဲ့ Xperia 2 ဖုန်းအသစ်ကို မြင်တွေ့ရမှာပါ။ ဒါပေမယ့် မနေ့က Sony Xperia 2 ရဲ့ ပုံအချို့ထွက်ပေါ်လာခဲ့ပြီး ဖုန်းရဲ့ပုံစံကို ခန့်မှန်းနိုင်စေခဲ့သလို ယနေ့မှာ Xperia 2 ကို ဘက်ပေါင်းစုံက ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေပါ ပေါ်ထွက်လာပါတယ်။

အရောင်မျိုးစုံနဲ့ထွက်ပေါ်လာတဲ့ ပုံတွေထဲမှာ Xperia 2 ဟာ အခုနှစ် ဇွန်လမှာမှ ဈေးကွက်ထဲ ရောက်ခဲ့တဲ့ Xperia 1 နဲ့ တော်တော်လေးဆင်တူနေပါတယ်။ ဒါပေမယ့် နောက်ဘက်ကင်မရာသုံးလုံးတွဲကတော့ အလယ်တည့်တည့်ကနေ ဘယ်ဘက်ကို ရွှေ့သွားတာ မြင်ရမှာပါ။

Xperia 2 ရဲ့ဘယ်ဘက်မှာ SIM Slot ကိုတွေ့ရပြီး ညာဘက်မှာတော့ အသံတိုးချဲ့နဲ့ ပါဝါခလုပ်တွေ ကြားထဲက Fingerprint ကိုတွေ့ရမှာပါ။ သူ့ရဲ့အောက်ဘက်မှာ Sony ထုတ်ဟန်းဆက်တွေမှာသာ မြင်ရလေ့ရှိတဲ့ Camera Shutter သီးသန့်ခလုပ်လေးတစ်ခုလည်း ပါပါတယ်။ Xperia 1 မှာ 3.5mm Jack မပါခဲ့သလိုပဲ Xperia 2 မှာလည်း မမြင်ရပါဘူး။

လက်ရှိမှာသိထားရသလောက် Sony Xperia 2 မှာ 6.1” လက်မအရွယ် 21:9 Display တစ်ခုပါဝင်မှာ ဖြစ်ကာ Xperia 1 ထက် 0.4” လက်မ ပိုငယ်ပါတယ်။ ဒါ့ကြောင့် Xperia 1 မှာပါခဲ့တဲ့ 3,330 mAh ဘက္ထရီထက် ပိုလျှော့ချလာနိုင်ခြေလည်း ရှိနေတယ်။ အတွင်းပိုင်းမှာ Snapdragon 855 ချစ်ပ်ဆက်ကို 6GB RAM နဲ့တွဲလာမှာ ဖြစ်ပြီး Storage ကတော့ 128GB ဖြစ်မှာပါ။

လက်ရှိအချိန်မှာ ကင်မရာနဲ့ပတ်သက်တဲ့ Specs တွေကိုတော့မသိရသေးပါဘူး။ Sony ကလည်း Xperia 2 အကြောင်းကို လက်ရှိမှာမပြောသေးပေမယ့် IFA ဘာလင်ပွဲမှာ ဈေးနှုန်းနဲ့အခြား Specs တွေကို သိရမှာ ဖြစ်ပါတယ်။

Ref – GSM Arena