Unicode

၂၀၂၀ ခုနှစ်အတွင်းမှာ အရင်ဆုံးမြင်ရမယ့် Sony ရဲ့ Flagship ဖုန်းအဖြစ် လူအများထင်မြင်ကြတဲ့ Sony Xperia 3 နဲ့ပတ်သက်ပြီး သတင်းတွေထွက်စပြုလာခဲ့ပါပြီ။ ယနေ့မှာတော့ Xperia 3 လို့ ယူဆရတဲ့ စမတ်ဖုန်းတစ်လုံးဟာ Geekbench ပေါ်သို့ ရောက်ရှိလာခဲ့ပါတယ်။

ဒီဖုန်းမှာ Snapdragon 865 ချစ်ပ်ဆက်အသစ်စက်စက်ကို အသုံးပြုထားတဲ့အပြင် 12GB RAM မန်မိုရီတောင် ပါဝင်နေတာကိုလည်း တွေ့ရတာကြောင့် တော်တော်လေး အထင်ကြီးစရာကောင်းနေပါပြီ။ Sony Flagship အသစ်မှာ Qualcomm ချစ်ပ်အသစ်ကို မြင်ရမယ်ဆိုတာ ကြိုသိထားရပေမယ့် RAM မန်မိုရီက Xperia 1 မှာပါခဲ့တဲ့ ပမာဏရဲ့ နှစ်ဆ ရှိပါတယ်။

Geekbench ဟာ ဖုန်းမှာပါဝင်တဲ့ Motherboard ကို “Kona” လို့ ဖော်ပြလာပြီး အဆိုပါ လျှို့ဝှက်နာမည်ဟာ Snapdragon 865 ရဲ့နာမည်ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖုန်းမျှာ Android 10 OS အသုံးပြုထားတာကိုလည်း မြင်တွေ့ခဲ့ရတယ်။

Xperia 3 စမတ်ဖုန်းသစ်ဟာ ဗားရှင်းလေးမျိုးနဲ့ ထွက်ရှိလာမယ်ဆိုတာကိုလည်း ဖော်ပြထားပြီး အမြင့်ဆုံးဗားရှင်းမှာ 5G ချိတ်ဆက်နိုင်စွမ်း ပါဝင်မှာဖြစ်ပါတယ်။ နောက်ဘက်ဒီဇိုင်းမှာ Curved Glass ကိုမြင်ရနိုင်ပြီး Screen Resolution က QHD ဖြစ်မယ်လို့ ဆိုထားပါတယ်။

တချို့က Xperia 0 လို့ ခေါ်နေကြတဲ့ Sony Xperia 3 ဟာ လာမယ့်နှစ်မှာ Sony က ထုတ်လုပ်သွားမယ်ဆိုတဲ့ Flagship လေးခုထဲက တစ်ခုဖြစ်လာမှာပါ။ ဒီဖုန်းကို IFA 2020 ပွဲတော်မှာ မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena

Zawgyi

၂၀၂၀ ခုႏွစ္အတြင္းမွာ အရင္ဆုံးျမင္ရမယ့္ Sony ရဲ႕ Flagship ဖုန္းအျဖစ္ လူအမ်ားထင္ျမင္ၾကတဲ့ Sony Xperia 3 နဲ႔ပတ္သက္ၿပီး သတင္းေတြထြက္စျပဳလာခဲ့ပါၿပီ။ ယေန႔မွာေတာ့ Xperia 3 လို႔ ယူဆရတဲ့ စမတ္ဖုန္းတစ္လုံးဟာ Geekbench ေပၚသို႔ ေရာက္ရွိလာခဲ့ပါတယ္။

ဒီဖုန္းမွာ Snapdragon 865 ခ်စ္ပ္ဆက္အသစ္စက္စက္ကို အသုံးျပဳထားတဲ့အျပင္ 12GB RAM မန္မုိရီေတာင္ ပါဝင္ေနတာကိုလည္း ေတြ႕ရတာေၾကာင့္ ေတာ္ေတာ္ေလး အထင္ႀကီးစရာေကာင္းေနပါၿပီ။ Sony Flagship အသစ္မွာ Qualcomm ခ်စ္ပ္အသစ္ကို ျမင္ရမယ္ဆုိတာ ႀကိဳသိထားရေပမယ့္ RAM မန္မုိရီက Xperia 1 မွာပါခဲ့တဲ့ ပမာဏရဲ႕ ႏွစ္ဆ ရွိပါတယ္။

Geekbench ဟာ ဖုန္းမွွာပါဝင္တဲ့ Motherboard ကို “Kona” လို႔ ေဖာ္ျပလာၿပီး အဆုိပါ လွ်ဳိ႕ဝွက္နာမည္ဟာ Snapdragon 865 ရဲ႕နာမည္ျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဖုန္းမွ်ာ Android 10 OS အသုံးျပဳထားတာကိုလည္း ျမင္ေတြ႕ခဲ့ရတယ္။

Xperia 3 စမတ္ဖုန္းသစ္ဟာ ဗားရွင္းေလးမ်ဳိးနဲ႔ ထြက္ရွိလာမယ္ဆုိတာကိုလည္း ေဖာ္ျပထားၿပီး အျမင့္ဆုံးဗားရွင္းမွာ 5G ခ်ိတ္ဆက္ႏုိင္စြမ္း ပါဝင္မွာျဖစ္ပါတယ္။ ေနာက္ဘက္ဒီဇုိင္းမွာ Curved Glass ကိုျမင္ရႏုိင္ၿပီး Screen Resolution က QHD ျဖစ္မယ္လို႔ ဆုိထားပါတယ္။

တခ်ဳိ႕က Xperia 0 လို႔ ေခၚေနၾကတဲ့ Sony Xperia 3 ဟာ လာမယ့္ႏွစ္မွာ Sony က ထုတ္လုပ္သြားမယ္ဆုိတဲ့ Flagship ေလးခုထဲက တစ္ခုျဖစ္လာမွာပါ။ ဒီဖုန္းကို IFA 2020 ပြဲေတာ္မွာ ျမင္ေတြ႕ရမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Ref – GSM Arena