Sony ရဲ့ PlayStation ဌာနနဲ့ Nintendo တို့ဟာ ရုရှားမှာ ကုန်ပစ္စည်း ရောင်းချတာ ရပ်နားလိုက်ပြီး ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲတာကြောင့် ရုရှားကို လက်ပြနှုတ်ဆက်လိုက်တဲ့ နာမည်ကြီး ကုမ္ပဏီတွေထဲမှာ ပါဝင်လာပါပြီ။

PS5 buyer's guide: All you need to know about Sony's PlayStation 5

Sony ရဲ့ Video ဂိမ်း ဌာနက ကားပြိုင်တဲ့ ဂိမ်း အသစ် Gran Turismo 7 အပါအဝင် Software နဲ့ ဂိမ်းစက်တွေ အားလုံး ရောင်းချတာကို ရပ်နားလိုက်တယ်လို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ ရုရှားမှာ PlayStation Store ကိုလည်း သုံးလို့ မရတော့ပါဘူး။ Sony Interactive Entertainment (SIE) ဟာ ယူကရိန်းမှာ ငြိမ်းချမ်းရေး တောင်းဆိုတဲ့ ကမ္ဘာ့ အသိုင်းအဝိုင်းထဲကို ပါဝင်လာပါပြီလို့ ကုမ္ပဏီက ပြောပါတယ်။ ယူကရိန်း ဒုက္ခသည်တွေအတွက် ဒေါ်လာ ၂ သန်းကို Sony Group က United Nations High Commissioner for Refugees နဲ့ Save the Children ကို လှူဒါန်းထားပါတယ်။

New Nintendo Switch model announced for October | Nintendo Switch | The Guardian

Nintendo ကလည်း ရုရှားမှာ ကုန်ပစ္စည်း ရောင်းချတာ ရပ်နားလိုက်ပြီလို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပြီး စစ်တိုက်တဲ့ Strategy ဂိမ်း ဖြစ်တဲ့ Advance Wars 1+2: Re-Boot Camp ဖြန့်ချိတာကို နောက်ဆုတ်ထားပါတယ်။

ပြီးခဲ့တဲ့ ၁ ပတ်က Video ဂိမ်း ကုမ္ပဏီတွေဟာ ရုရှားကို နှုတ်ဆက်ကျောခိုင်းခဲ့ကြပြီး CD Projekt နဲ့ Electronic Arts တို့ဟာ ရုရှားနဲ့ ဘီလာရုစ်မှာ ဂိမ်း ရောင်းချမှု အားလုံးကို ရပ်နားလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ Microsoft က ပြီးခဲ့တဲ့ သောကြာနေ့မှာ Xbox ဂိမ်းစက်နဲ့ ဂိမ်းတွေ အပါအဝင် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ အားလုံး ရောင်းချတာကို ရပ်နားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး Fortnite ကို ဖန်တီးထားတဲ့ Epic Games က နောက် ၁ နေ့မှာ Microsoft လမ်းစဉ်ကို လိုက်ခဲ့ပါတယ်။

Ref : cnbc