[Zawgyi]

ေတာင္ကိုရီးယားမွာ 5G ကို ေျပာင္းလဲမႈအေျခအေနဟာ အေတာ္ေလးကို ေအာင္ျမင္မႈေတြ ရရွိေနၿပီ ျဖစ္ပါတယ္။ ေတာင္ကိုးရီးယား သိပၸံနဲ႔နည္းပညာ ဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ကြန္ရက္သစ္ကို လက္ခံအသုံးျပဳသူဦးေရဟာ ဇြန္လ၁၀ ရက္ေန႔တုန္းက ၁ သန္းအထိ ေရာက္ရွိသြားခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။

ေတာင္ကိုရီးယားမွာ 5G ကြန္ရက္ကို ဧၿပီလ ၃ ရက္ေန႔ကစတင္ၿပီး ျဖန႔္က်က္ခဲ့တာ ျဖစ္ပါတယ္။ စတင္ျဖန႔္က်က္ၿပီး ၆၉ ရက္ေျမာက္ခ်ိန္မွာ အသုံးျပဳသူ ၁ သန္းျပည့္သြားခဲ့တာဟာ ၿပီးခဲ့တဲ့ 4G ကြန္ရက္စတင္ ျဖန႔္က်က္ခ်ိန္ကထက္ ပိုမိုျမန္ဆန္တဲ့ ေျပာင္းလဲအသုံးျပဳမႈမွတ္တမ္းကို ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

SK Telecom, KT နဲ႔ LG Uplus တို႔က ေတာင္ကိုရီးယားႏိုင္ငံတြင္း 5G ကြန္ရက္ျဖန႔္က်က္ၾကေနၾကတာ ျဖစ္ပါတယ္။ လက္ရွိထုတ္ျပန္မႈအရ SK Telecom ဟာ 5G အသုံးျပဳသူစုစုေပါင္းရဲ႕ ၄၀ ရာခိုင္ႏႈန္းကို ရယူထားတာ တယ္လို႔ သိရပါတယ္။ KT နဲ႔ LG Uplus တို႔ကေတာ့ ၃၀ ရာခိုင္ႏႈန္းစီ အသီးသီးရရွိထားတယ္လို႔လည္း သိရပါတယ္။

ကနဦးသတင္းေပးခ်က္ေတြအရ 5G ျမန္ႏႈန္းနဲ႔ ရွိႏိုင္တဲ့ေနရာေတြ၊ LTE နဲ႔ 5G အၾကား ေျပာင္းလဲအသုံးျပဳမႈမွာ ျပႆနာအနည္းငယ္ရွိေၾကာင္း သိရပါတယ္။ ဒါေပမယ့္လည္း အေရာင္းျမႇင့္တင္ေရးအစီအစဥ္ေတြလုပ္ေဆာင္မႈနဲ႔အတူ 5G အသုံးျပဳသူဦးေရဟာ စံခ်ိန္တင္ႏိုင္ခဲ့တာျဖစ္ေၾကာင္းလည္း သိရပါတယ္။ Samsung Galaxy S10 5G နဲ႔ LG V50 ThinQ 5G စမတ္ဖုန္းေတြဟာ 5G ကြန္ရက္အသုံးျပဳသူအမ်ားစုကို ျဖစ္ေပၚေစတဲ့ အေရာင္းျမႇင့္တင္ေရးအစီအစဥ္ေတြမွာ အဓိကအစိတ္အပိုင္းတစ္ခု ျဖစ္ေနခဲ့တာလည္း ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

၆၉ ရက်အတွင်း 5G အသုံးပြုသူ ၁ သန်းထိရောက်သွားပြီဖြစ်တဲ့ တောင်ကိုရီးယား

တောင်ကိုရီးယားမှာ 5G ကို ပြောင်းလဲမှုအခြေအနေဟာ အတော်လေးကို အောင်မြင်မှုတွေ ရရှိနေပြီ ဖြစ်ပါတယ်။ တောင်ကိုးရီးယား သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကွန်ရက်သစ်ကို လက်ခံအသုံးပြုသူဦးရေဟာ ဇွန်လ၁၀ ရက်နေ့တုန်းက ၁ သန်းအထိ ရောက်ရှိသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားမှာ 5G ကွန်ရက်ကို ဧပြီလ ၃ ရက်နေ့ကစတင်ပြီး ဖြန့်ကျက်ခဲ့တာ ဖြစ်ပါတယ်။ စတင်ဖြန့်ကျက်ပြီး ၆၉ ရက်မြောက်ချိန်မှာ အသုံးပြုသူ ၁ သန်းပြည့်သွားခဲ့တာဟာ ပြီးခဲ့တဲ့ 4G ကွန်ရက်စတင် ဖြန့်ကျက်ချိန်ကထက် ပိုမိုမြန်ဆန်တဲ့ ပြောင်းလဲအသုံးပြုမှုမှတ်တမ်းကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

SK Telecom, KT နဲ့ LG Uplus တို့က တောင်ကိုရီးယားနိုင်ငံတွင်း 5G ကွန်ရက်ဖြန့်ကျက်ကြနေကြတာ ဖြစ်ပါတယ်။ လက်ရှိထုတ်ပြန်မှုအရ SK Telecom ဟာ 5G အသုံးပြုသူစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကို ရယူထားတာ တယ်လို့ သိရပါတယ်။ KT နဲ့ LG Uplus တို့ကတော့ ၃၀ ရာခိုင်နှုန်းစီ အသီးသီးရရှိထားတယ်လို့လည်း သိရပါတယ်။

ကနဦးသတင်းပေးချက်တွေအရ 5G မြန်နှုန်းနဲ့ ရှိနိုင်တဲ့နေရာတွေ၊ LTE နဲ့ 5G အကြား ပြောင်းလဲအသုံးပြုမှုမှာ ပြဿနာအနည်းငယ်ရှိကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း အရောင်းမြှင့်တင်ရေးအစီအစဉ်တွေလုပ်ဆောင်မှုနဲ့အတူ 5G အသုံးပြုသူဦးရေဟာ စံချိန်တင်နိုင်ခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။ Samsung Galaxy S10 5G နဲ့ LG V50 ThinQ 5G စမတ်ဖုန်းတွေဟာ 5G ကွန်ရက်အသုံးပြုသူအများစုကို ဖြစ်ပေါ်စေတဲ့ အရောင်းမြှင့်တင်ရေးအစီအစဉ်တွေမှာ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။

Ref: GSMArena