တောင်ကိုရီးယား အမျိုးသမီး ၁ ယောက်ဟာ Elon Musk အတုရဲ့ Deepfake Video ကနေ Romance Scam ကို ယုံကြည်မိလို့ ဒေါ်လာ ၅၀,၀၀၀ လိမ်လည်ခံလိုက်ရတယ်လို့ ဒေသတွင်းမီဒီယာတွေက ပြောပါတယ်။

Deepfake Video Of Elon Musk Goes Viral - 'Yikes. Def, Not Me' |  Bitcoinist.com

ဒီဖြစ်ရပ်ဟာ အရင်နှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ ဖြစ်ပွားခဲ့တာလို့ အလိမ်ခံရသူ Jeong Ji-sun က ပြောပါတယ်။ အဲဒီနေ့က Musk ဟာ သူမကို အင်စတာဂရမ်မှာ Add ခဲ့တာလို့ ပြောပါတယ်။ သူမဟာ Musk ရဲ့ Fan အကြီးစားဖြစ်ပေမယ့် အစပိုင်းမှာ မယုံခဲ့ပါဘူး။

Elon Musk is now only 20% afraid of AI (but not everyone agrees)

အဲဒီနောက်မှာ Musk အတုက သူ့ရဲ့ ID Card ၊ အလုပ်က ဓါတ်ပုံကို ပေးပို့ခဲ့ပြီး Fan တွေကို မကြာခဏ ဆက်သွယ်စကားပြောလေ့ရှိတယ်လို့ ပြောခဲ့ပါတယ်။ Musk အတုက Deepfake Video ကို အသုံးပြုကာ သူမနဲ့ Video Call ပြောခဲ့ပါတယ်။ အဲဒီအတွက် သူမက ယုံကြည်သွားခဲ့ပါတယ်။ Musk အတုက သူမကို ချစ်ရေးဆိုခဲ့ပြီး သူမကို ချမ်းသာစေချင်တဲ့အတွက် ဝမ် သန်း ၇၀ ( ဒေါ်လာ ၅၀,၀၀၀) ကို ကိုရီးယား ဘဏ်အကောင့်ထဲ လွှဲပေးဖို့ ပြောခဲ့ပါတယ်။

Elon Musk ကို အသုံးချကာ လိမ်လည်မှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း များပြားခဲ့ပါတယ်။ မသမာသူတွေဟာ Musk ရဲ့ ID ကို အသုံးပြုကာ ငွေကြေးလိမ်လည်မှုတွေ ကျူးလွန်နေကြပါတယ်။ Deepfake ကတော့ အစွမ်းအထက်ဆုံး လက်နက် ဖြစ်နေပါတယ်။

Ref : independent