[Zawgyi]

Google ဟာ Inbox ကို ပိတ္သိမ္းလိုက္ၿပီးတဲ့ေနာက္ ဒီေနရာကို အစားထိုးဖို႔ Spark က ေရပန္းစားေနတာပါ။ Inbox သိမ္းေတာ့မယ္ဆိုကတည္းက Spark က Android အတြက္ ျဖန႔္ေတာ့မယ္လို႔ သတင္းထြက္ေပၚခဲ့တာပါ။ အခုေတာ့ တကယ္ျဖစ္လာပါၿပီ။

iOS မွာေတာ့ Spark Mail app ဟာ နာမည္ႀကီးပါပဲ။ တုံ႔ျပန္မႈျမန္ဆန္တဲ့အျပင္ အသုံးျပဳရတာရွင္းလင္းၿပီး လြယ္ကူတဲ့အတြက္ Spark ကို လူႀကိဳက္မ်ားၾကတာလည္း ျဖစ္ပါတယ္။ Interface ပိုင္းနဲ႔ Option ပိုင္းေတြမွာလည္း Spark က ပိုၿပီး ေကာင္းမြန္တဲ့ အသုံးျပဳမႈအေတြ႕အႀကဳံကို ေပးႏိုင္မယ္လို႔ ယူဆရပါတယ္။

အထူးသျဖင့္ Archived mail ေတြကို လြယ္လြယ္ကူကူ ျပန္ရွာႏိုင္တာ၊ Email viewing option, Notification option ပိုင္းေတြမွာ Gmail app ထက္ ပိုေကာင္းတဲ့ တုံ႔ျပန္မႈေတြ ေပးလာလိမ့္မယ္လို႔လည္း ေမွ်ာ္လင့္ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လက္ရွိသိရသေလာက္ Spark Mail Android version ဟာ iOS version နဲ႔ သိပ္ၿပီးကြာျခားသြားျခင္း မရွိဘူးဆိုတာေၾကာင့္ပါ။

Spark for Android မွာေတာ့ Delete ဒါမွမဟုတ္ Archive ဟာ ေအာက္ေျခမွာရွိရမယ့္အစား မ်က္ႏွာျပင္ရဲ႕ ထိပ္ပိုင္းမွာ ရွိေနမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္ကပဲ Spark ရဲ႕ Android အတြက္ App ကို တရားဝင္ မိတ္ဆက္လိုက္လို႔ Google Play မွာ ရေနပါၿပီ။ Spark ဟာ Gmail, Outlook, Yahoo, iCloud, Exchange စတာေတြနဲ႔ တြဲဖက္အသုံးျပဳႏိုင္တယ္လို႔လည္း သိရပါတယ္။

Ref: The Verge

[Unicode]

Google Inbox နေရာမှာ အစားထိုးနိုင်တယ်လို့ နာမည်ကြီးနေတဲ့ Spark Mail ကို Android မှာ သုံးလို့ရပြီ

Google ဟာ Inbox ကို ပိတ်သိမ်းလိုက်ပြီးတဲ့နောက် ဒီနေရာကို အစားထိုးဖို့ Spark က ရေပန်းစားနေတာပါ။ Inbox သိမ်းတော့မယ်ဆိုကတည်းက Spark က Android အတွက် ဖြန့်တော့မယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။ အခုတော့ တကယ်ဖြစ်လာပါပြီ။

iOS မှာတော့ Spark Mail app ဟာ နာမည်ကြီးပါပဲ။ တုံ့ပြန်မှုမြန်ဆန်တဲ့အပြင် အသုံးပြုရတာရှင်းလင်းပြီး လွယ်ကူတဲ့အတွက် Spark ကို လူကြိုက်များကြတာလည်း ဖြစ်ပါတယ်။ Interface ပိုင်းနဲ့ Option ပိုင်းတွေမှာလည်း Spark က ပိုပြီး ကောင်းမွန်တဲ့ အသုံးပြုမှုအတွေ့အကြုံကို ပေးနိုင်မယ်လို့ ယူဆရပါတယ်။

အထူးသဖြင့် Archived mail တွေကို လွယ်လွယ်ကူကူ ပြန်ရှာနိုင်တာ၊ Email viewing option, Notification option ပိုင်းတွေမှာ Gmail app ထက် ပိုကောင်းတဲ့ တုံ့ပြန်မှုတွေ ပေးလာလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိသိရသလောက် Spark Mail Android version ဟာ iOS version နဲ့ သိပ်ပြီးကွာခြားသွားခြင်း မရှိဘူးဆိုတာကြောင့်ပါ။

Spark for Android မှာတော့ Delete ဒါမှမဟုတ် Archive ဟာ အောက်ခြေမှာရှိရမယ့်အစား မျက်နှာပြင်ရဲ့ ထိပ်ပိုင်းမှာ ရှိနေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကပဲ Spark ရဲ့ Android အတွက် App ကို တရားဝင် မိတ်ဆက်လိုက်လို့ Google Play မှာ ရနေပါပြီ။ Spark ဟာ Gmail, Outlook, Yahoo, iCloud, Exchange စတာတွေနဲ့ တွဲဖက်အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။

Ref: The Verge