သူ့စျေးတန်းမှာ အမြန်ဆုံးအားသွင်းစနစ် 33W SUPERVOOC ပါဝင်တဲ့ realme C51 အတွက် ဒီဇင်ဘာလအထူးပရိုမိုးရှင်းအစီအစဥ်ကြီးကို “အတန်ဆုံးစျေးတွေရရှိဖို့ နှစ်ကုန်အမီပြေးဝယ်စို့” ခေါင်းစဥ်နဲ့အတူ realme က စတင်ပေးလိုက်ပြီဖြစ်ပါတယ်။

RAM+ROM version ၂မျိုးအဖြစ် 4+64 ပဲဝယ်ဝယ်၊ 4+128 ပဲဝယ်ဝယ် အထူးပြန်အမ်းငွေ ၅၀,၀၀၀ ကျပ်အထိရရှိခံစားရမှာဖြစ်ပါတယ်။ ဒါကြောင့် ယခင်စျေးတွေဖြစ်တဲ့ 4+64 (၃၉၉,၉၀၀ ကျပ်) ကို အထူးစျေး ၃၄၉,၉၀၀ ကျပ်၊ 4+128 (၄၄၉,၉၀၀ ကျပ်) ကို အထူးစျေး ၃၉၉,၉၀၀ ကျပ်တို့နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Mint Green နဲ့ Carbon Black ၂ရောင်ကို မိမိအကြိုက်လိုက်ပြီးရွေးချယ်နိုင်ပါတယ်။ အခုပြန်အပ်ငွေ ပရိုးမိုးရှင်းအစီအစဥ်ကို ဒီဇင်ဘာလ ၁ ရက်နေ့ကနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ ခံစားရရှိနိုင်မှာဖြစ်ပါတယ်။

သူ့စျေးတန်းအရ အမြန်ဆုံးအားသွင်းစနစ်ဖြစ်တဲ့ 33W SUPERVOOC ပါဝင်ထားတဲ့အချက်ကြောင့် အား ၅၀ ရာခိုင်နှုန်းပြည့်ဖို့အတွက် အချိန် ၂၈ မိနစ်သာကြာစေမှာြဖစ်လို့ မြန်မြန်ဆန်ဆန်အားသွင်းပြီး အချိန်ကုန်သက်သာသွားစေမှာဖြစ်ပါတယ်။

သုံးစွဲသူအများစုအလေးပေးအသုံးပြုကြတဲ့ ဓာတ်ပုံရိုက်ကူးမှုပိုင်းအတွက် 50MP ပင်မကင်မရာကို အသုံးပြုပေးထားလို့ ပိုမိုကြည်လင်ပြတ်သားတဲ့ပုံတွေကိုရိုက်ယူနိုင်စေမှာဖြစ်ပြီး ရှေ့ဘက် Selfie အတွက် 5MP ကိုတပ်ဆင်ပေးထားပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ 6.74-inch HD Display နဲ့အတူ ထိတွေ့တုံ့ပြန်မှုပိုမိုမြန်ဆန်စေမယ့် 90Hz Refresh Rate ကိုပါထည့်သွင်းပေးထားပါတယ်။

Android 13 ပေါ်မှာအခြေခံထားတဲ့ realme UI T Edition ကိုပါထိတွေ့အသုံးပြုရမှာြဖစ်ပြီး Octa-core စနစ်သုံး Unisoc T612 chipset ကလည်း ညီညွတ်မျှတတဲ့စွမ်းဆောင်ရေမျိုးပေးစွမ်းထားလို့ MLBB လိုဂိမ်းတွေကိုလည်း Balanced Setting မျိုးမှာထားကာ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ 5000 mAh ဘက်ထရီပါဝင်ထားတဲ့အချက်ကြောင့်လည်း တစ်နေ့ကုန်တဲ့အထိ အားကြာရှည်ခံစွာ သုံးနိုင်ဦးမှာဖြစ်ပါတယ်။

Media release: realme