လက်ရှိအချိန်မှာ ရုရှားနိုင်ငံကနေ ယူကရိန်းနိုင်ငံကို ဝင်ရောက်တိုက်ခိုက်မှုတွေဟာ လက်ရှိအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုရှားနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေဆက်တိုက်ပြုလုပ်နေသလို နည်းပညာကုမ္ပဏီကြီးတွေကလည်း ရုရှားနိုင်ငံမှာ ကုန်ပစ္စည်းတွေရောင်းချနေမှုကို ရပ်ဆိုင်းနေကြပြီဖြစ်ပါတယ်။

အခုအချိန်မှာလည်း Music Streaming Service ဖြစ်တဲ့ Spotify ကနေ ရုရှားနိုင်ငံမှာ ဝန်ဆောင်မှုပေးနေတဲ့ Service တွေအကုန်လုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ အခုလိုမျိုး ကြေညာချက်ဟာ ရုရှားနိုင်ငံမှာ ပြဌာန်းလိုက်တဲ့ စစ်တပ်နဲ့သက်ဆိုင်တဲ့ သတင်းအတုအပတွေကို ဖြန့်ဝေပါက ထောင်ဒါဏ် ၁၅ နှစ်အထိ ပြစ်ဒါဏ်ပေးမယ့် သတင်းအပြီး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

Spotify ရဲ့ပြောကြားချက်အရတော့ ရုရှားနိုင်ငံမှာ Service ကို ပေးနိုင်ပြီး ထောက်ပံ့မှုကင်းမဲ့ပြီး မှန်ကန်တဲ့သတင်းတွေကို ပေးနိုင်ဖို့က အဓိကအရေးကြီးပြီး အခုလိုမျိုး ကန့်သတ်ချက်တွေဟာ Spotify ရဲ့ ဝန်ထမ်းတွေတင်မဟုတ်ဘဲ နားထောင်သူတွေကိုပါ အန္တရာယ်ကျရောက်စေနိုင်တာကြောင့် အခုလိုရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ရုရှားနိုင်ငံအတွင်းမှာ ဝန်ဆောင်မှုပေးနေတဲ့ Spotify ရဲ့ Service တွေအကုန်လုံးဟာ လာမယ့် ဧပြီလမှာ လုံးဝရပ်ဆိုင်းဖို့ စီစဥ်ထားတယ်လို့ သိရပြီး ဘယ်အချိန်မှာ ပြန်လည်ပြီး ဝန်ဆောင်မှုပေးသွားမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ Samsung ၊ LG ၊ Apple ၊ Microsoft အပြင် တခြားသော နည်းပညာကုမ္ပဏီအများအပြားက ရုရှားနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းထားသလို ရုရှားနိုင်ငံဘက်ကလည်း Facebook နဲ့ Instagram လိုမျိုး Social Media Service တွေကို ပြန်လည် Ban ထားတာဖြစ်ပါတယ်။

Ref – The Verge