Spotify ဟာ အစောပိုင်းတုန်းက တချို့သောနိုင်ငံတွေမှာပဲ သီချင်းတွေရဲ့ စာသားကိုပါ ဖော်ပြပေးနိုင်တဲ့ Lyrics Feature ကို Support ပေးခဲ့တာဖြစ်ပါတယ်။ ဒီအတွက် Apple Music နဲ့ Tidal တို့လိုမျိုး ဘယ် Region အတွက်ပဲဖြစ်ဖြစ် Lyrics Feature Support ပေးနိုင်တာနဲ့ယှဥ်မယ်ဆိုရင် အားနည်းနေခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Spotify ကနေ တကမ္ဘာလုံးမှာရှိတဲ့အသုံးပြုသူတွေအတွက် Real-time Lyrics Feature ကိုထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အားသာချက်တစ်ခုက လစဥ်ကြေးနဲ့ အသုံးပြုနေတဲ့ Paid User တွေတင်မဟုတ်ဘဲ Free User တွေပါ ယခု Lyrics Feature ကို အသုံးပြုနိုင်မှာပါ။

Spotify ရဲ့ Real-time Lyrics Feature ကိုတော့ Musixmatch ကနေ ထောက်ပံ့ပေးထားတာဖြစ်ပြီး Musixmatch ဟာ လက်ရှိအချိန်မှာ သီချင်းပေါင်း ၈ သန်းကျော်အတွက် စာသားတွေကို သိရှိရှာဖွေနိုင်တဲ့ Service တစ်ခုလည်းဖြစ်ပါတယ်။ ဒီ Real-time Lyrics Feature ကို iOS ၊ Android နဲ့ Desktop Computer တွေအပြင် Gaming Console တွေ၊ Smart TV တွေအကုန်လုံးမှာ အသုံးပြုနိုင်အောင် ထုတ်ပေးသွားမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ ကိုယ့်စိတ်ကြိုက် သီချင်းစာသားကိုလည်း ရွေးချယ်ပြီး Instagram နဲ့ Facebook Stories လိုမျိုးမှာ မျှဝေနိုင်ဦးမှာဖြစ်ပါတယ်။ ဒါက Apple Music နဲ့တောင် ဆင်တူပြီး Share ပြုလုပ်တဲ့အချိန်မှာလည်း အလွန်လွယ်ကူမှာဖြစ်ပါတယ်။ သီချင်းစာသားကို မြင်တွေ့ရဖို့အတွက်ကတော့ Now Playing Screen မှာ အပေါ်ကို Swipe-up ပြုလုပ်လိုက်ရုံပါပဲ။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Real-time Lyrics Feature ပါဝင်လာတာဟာ Spotify ကို တောင်းဆိုမှုအများဆုံး Feature တစ်ခုကို ရရှိလာတာဖြစ်တာကြောင့် နောက်ပိုင်းမှာ အသုံးပြုသူတွေ ပိုများလာနိုင်ပါသေးတယ်။

Ref – The Verge