[Unicode]

Sprint နဲ႔ HTC တို႔ဟာ “Mobile Smart Hub” ကို လာမယ့္ႏွစ္ ပထမႏွစ္ဝက္မွာ စတင္ျဖန႔္ႏိုင္ဖို႔ Qualcomm နဲ႔ ပူးေပါင္းလုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သတင္းထုတ္ျပန္လိုက္ပါတယ္။ ဒီသတင္းထုတ္ျပန္မႈမွာေတာ့ Smart Hub ဟာ ဘာလဲ၊ ဘာနဲ႔တူသလဲ ဆိုတဲ့အေၾကာင္းအရာ အေသးစိတ္ေတြကို ထည့္သြင္းထားျခင္း မရွိခဲ့ပါဘူး။

Sprint ရဲ႕ ေျပာဆိုခ်က္အရေတာ့ Mobile Smart Hub ဟာ မာလ္တီမီဒီယာျဖစ္ၿပီး ေဒတာေတြကို က်စ္လ်စ္သိပ္သည္းစြာနဲ႔ လြယ္ကူစြာေျပာင္းေ႐ႊ႕ႏိုင္တဲ့ ဒီဇိုင္းမ်ိဳး ျဖစ္တယ္လို႔ သိရပါတယ္။ ဒါဆိုရင္ Build-in Projector ပါေနတာလိုမ်ိဳးမ်ား ျဖစ္ႏိုင္မလားလို႔ ေတြးမိပါတယ္ဆိုၿပီး GSMarena ကေတာ့ ေရးသားေဖာ္ျပခဲ့ပါတယ္။

HTC ဟာ Sprint အနာဂါတ္ 5G ကြန္ရက္အတြက္ ဒုတိယေျမာက္ 5G ထုတ္ကုန္ကို သယ္ေဆာင္လာသူ ျဖစ္ႏိုင္ပါတယ္။ ပထမကေတာ့ 2019 ပထမႏွစ္ဝက္မွာ ရမယ္လို႔ ၿပီးခဲ့တဲ့ ၾသဂုတ္လတုန္းက ေၾကညာထားတဲ့ LG ရဲ႕စမတ္ဖုန္းျဖစ္ႏိုင္ပါတယ္။ Moto Z3 ရဲ႕ 5G MotoMod ကို ထည့္မတြက္ဘူးဆိုရင္ေတာ့ LG က ပထမဆုံး တရားဝင္ 5G စမတ္ဖုန္း ျဖစ္ႏိုင္ပါတယ္။

Sprint အေနနဲ႔ ပထမႏွစ္ဝက္မွာ သူ႔ရဲ႕ကြန္ရက္ကို ျဖန႔္က်က္ၿပီး ထုတ္လႊင့္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ ပထမဦးစားေပး ေဈးကြက္ေတြကေတာ့ Atlanta, Chicago, Dallas, Houston, Kansas City, Los Angeles, New York City, Phoenix, နဲ႔ Washington D.C တို႔ျဖစ္ၾကၿပီး ဒါထက္ပိုတဲ့ ေဈးကြက္ေတြကိုလည္း ထပ္မံေၾကညာသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဒါေၾကာင့္ T-Mobile ရဲ႕ 5G ကြန္ရက္နဲ႔ Sprint တို႔ဟာ တစ္ခုတည္းျဖစ္ေအာင္ ဘယ္လို ေပါင္းစည္းၾကမလဲဆိုတာကိုလည္း စိတ္ဝင္စားစြာ ေစာင့္ၾကည့္ၾကရဦးမွာ ျဖစ္ပါတယ္။

 

Ref: GSMarena

 

[Unicode]

Sprint နဲ့ HTC တို့ဟာ “Mobile Smart Hub” ကို လာမယ့်နှစ် ပထမနှစ်ဝက်မှာ စတင်ဖြန့်နိုင်ဖို့ Qualcomm နဲ့ ပူးပေါင်းလုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီသတင်းထုတ်ပြန်မှုမှာတော့ Smart Hub ဟာ ဘာလဲ၊ ဘာနဲ့တူသလဲ ဆိုတဲ့အကြောင်းအရာ အသေးစိတ်တွေကို ထည့်သွင်းထားခြင်း မရှိခဲ့ပါဘူး။

Sprint ရဲ့ ပြောဆိုချက်အရတော့ Mobile Smart Hub ဟာ မာလ်တီမီဒီယာဖြစ်ပြီး ဒေတာတွေကို ကျစ်လျစ်သိပ်သည်းစွာနဲ့ လွယ်ကူစွာပြောင်းရွှေ့နိုင်တဲ့ ဒီဇိုင်းမျိုး ဖြစ်တယ်လို့ သိရပါတယ်။ ဒါဆိုရင် Build-in Projector ပါနေတာလိုမျိုးများ ဖြစ်နိုင်မလားလို့ တွေးမိပါတယ်ဆိုပြီး GSMarena ကတော့ ရေးသားဖော်ပြခဲ့ပါတယ်။

HTC ဟာ Sprint အနာဂါတ် 5G ကွန်ရက်အတွက် ဒုတိယမြောက် 5G ထုတ်ကုန်ကို သယ်ဆောင်လာသူ ဖြစ်နိုင်ပါတယ်။ ပထမကတော့ 2019 ပထမနှစ်ဝက်မှာ ရမယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ကြေညာထားတဲ့ LG ရဲ့ စမတ်ဖုန်းဖြစ်နိုင်ပါတယ်။ Moto Z3 ရဲ့ 5G MotoMod ကို ထည့်မတွက်ဘူးဆိုရင်တော့ LG က ပထမဆုံး တရားဝင် 5G စမတ်ဖုန်း ဖြစ်နိုင်ပါတယ်။

Sprint အနေနဲ့ ပထမနှစ်ဝက်မှာ သူ့ရဲ့ကွန်ရက်ကို ဖြန့်ကျက်ပြီး ထုတ်လွှင့်နိုင်ဖို့ ကြိုးစားနေပါတယ်။ ပထမဦးစားပေး ဈေးကွက်တွေကတော့ Atlanta, Chicago, Dallas, Houston, Kansas City, Los Angeles, New York City, Phoenix, နဲ့ Washington D.C တို့ဖြစ်ကြပြီး ဒါထက်ပိုတဲ့ ဈေးကွက်တွေကိုလည်း ထပ်မံကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် T-Mobile ရဲ့ 5G ကွန်ရက်နဲ့ Sprint တို့ဟာ တစ်ခုတည်းဖြစ်အောင် ဘယ်လို ပေါင်းစည်းကြမလဲဆိုတာကိုလည်း စိတ်ဝင်စားစွာ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

 

Ref: GSMarena