NFT တွေဟာ အနုပညာလက်ရာတွေနဲ့ ဂိမ်းထဲက Item တွေလို ဒစ်ဂျစ်တယ် ပစ္စည်းတွေ ဖြစ်ပြီး  Blockchain မှာ ပိုင်ဆိုင်သူကို မှတ်တမ်းတင်ထားပါတယ်။ အဲဒီ NFT တွေကို Cryptocurrency လို့ခေါ်တဲ့ ဒစ်ဂျစ်တယ် ငွေကြေးနဲ့ အရောင်းအဝယ်ပြုလုပ်နိုင်ပါတယ်။ Ubisoft လို ဂိမ်း ကုမ္ပဏီတွေဟာ ဒစ်ဂျစ်တယ် ပစ္စည်းတွေကို NFT အနေနဲ့ စတင် ရောင်းချနေပြီ ဖြစ်ပါတယ်။

NFTs and Blockchain are Expected to Become a "Significant Trend" in Games  According to Square Enix. | GameCentric

အခုတော့ Square Enix ရဲ့ ဥက္ကဌ Matsuda က ဂိမ်းနယ်ပယ်မှာ NFT , Metaverse , Cloud နည်းပညာနဲ့ Cryptocurrency တွေဟာ တွင်ကျယ်လာမယ်လို့ ပြောပါတယ်။ သူက Blockchain ဂိမ်းတွေမှာ NFT တွေ ရနိုင်တဲ့အတွက် စွဲစွဲလမ်းလမ်း ကစားလာကြမယ်လို့ သုံးသပ်ပါတယ်။

A New Year's Letter from the President | SQUARE ENIX HOLDINGS

Matsuda က အဲဒီလို ဂိမ်းတွေ ဖန်တီးဖို့အတွက် Square Enix ဟာ ကိုယ်ပိုင် Cryptocurrency ကို မိတ်ဆက်မယ်လို့ ပြောပါတယ်။ သူက “ Square Enix ရဲ့ ဂိမ်းတွေမှာ သမားရိုးကျ ဂိမ်းတွေအပြင် Blockchain ဂိမ်းတွေကိုပါထည့်သွင်းလာမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ်ကစတင်ကာ Blockchain ဂိမ်းတွေဟာ ရေပန်းစားလာနိုင်ပါတယ်။ Blockchain ဂိမ်းတွေ ဖန်တီးဖို့အတွက် လိုအပ်တဲ့ နည်းပညာတွေ ရှိထားပြီးသား ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဒစ်ဂျစ်တယ် ငွေကြေးတွေကို လက်ခံလာကြပါပြီ။ “ လို့ ရေးသားထားပါတယ်။

သူက “ Blockchain ဂိမ်း နယ်ပယ်ကို လူတွေရဲ့ စိတ်ပါဝင်စားမှုကို အနီးကပ် စောင့်ကြည့်မှာ ဖြစ်ပြီး တခြား အဖွဲ့အစည်းတွေရဲ့ ဖန်တီးမှုတွေကိုလည်း လေ့လာမှာ ဖြစ်ပါတယ်။ အဲဒီ ကနေ စီးပွားရေး ၁ ခုကို တည်ထောင်မှာ ဖြစ်ပြီး အနာဂတ်မှာ NFT တွေကို ရောင်းချမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : videogameschronicle