Xiaomi က ပြီးခဲ့တဲ့လက တရုတ်မှာ Mi 10 နဲ့ Mi 10 Pro အတွက် Stable Android 11 Beta Update ကို ဖြန့်ချိပေးခဲ့ပြီး အခုတော့ နောက်ဆုံးထုတ် Android 11 အခြေပြု MIUI 12 ကို ဥရောပက အဲဒီ စမတ်ဖုန်းတွေအတွက် ထုတ်ပေးလိုက်ပါပြီ။

Android 11 stable beta update changelog

Firmware အသစ်ရဲ့ Build Number က MIUI 12.2.1.0 RJBEUXM ဖြစ်ပြီး အောက်တိုဘာလအတွက် Security Patch ပါလာပါတယ်။ ဖိုင်အရွယ်အစားက 2.9GB ရှိတဲ့အတွက် Wi-Fi နဲ့ Download လုပ်ဖို့ အကြံပေးချင်ပါတယ်။ လာမယ့် ရက်ပိုင်း အနည်းငယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနိုင်ပါတယ်။

Android 11 stable beta update changelog

Xiaomi Mi 10 Pro နဲ့ MI 10 အတွက် Stable Android 11 ကို မြည်းစမ်းချင်ရင်တော့ Update App ထဲသွားပြီး System Update ရပြီလားဆိုတာ လေ့လာနိုင်ပါတယ်။ ဒါပေမယ့် သတိတော့ ပေးချင်ပါတယ်။ ဒီ Update ကို မတင်ခင်မှာ သင့် စမတ်ဖုန်းထဲက အရေးကြီးတဲ့ ဒေတာတွေကို Back Up လုပ်ထားသင့်ပါတယ်။

Ref : gsmarena