OnePlus 8 Series ဟာ OnePlus ကနေ မိတ်ဆက်ထားတဲ့ဖုန်းတွေထဲမှာ လူကြိုက်အများဆုံးဖုန်းတွေဖြစ်ပါတယ်။ OnePlus 8 Series ဖုန်းတွေထဲမှာဆိုရင် OnePlus 8 ၊​ OnePlus 8 Pro နဲ့ OnePlus 8T ဖုန်းတွေပါဝင်မှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ OnePlus ကနေ အဆိုပါ OnePlus 8 Series ဖုန်းတွေအတွက် Android 13 OS Update ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Android 13 OS Update ဟာ Stable OS Update ဖြစ်တဲ့အတွက် OnePlus 8 Series အသုံးပြုသူတွေအကုန်လုံး Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ အခုထွက်ရှိလာတဲ့ Android 13 OS Update ဟာ OxygenOS အနေနဲ့ထွက်ရှိလာတာမဟုတ်သေးဘဲ ColorOS 13 အနေနဲ့ထွက်ရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် အထူးသဖြင့် Chinese Region အတွင်းမှာ ရောင်းချတဲ့ OnePlus 8 Series ဖုန်းတွေနဲ့ ColorOS ပြောင်းလဲထားတဲ့ဖုန်းတွေပဲ အဓိက Update ပြုလုပ်နိုင်မှာပါ။

Android 13 ကို အခြေခံထားတဲ့ ColorOS 13 Update ဟာ File Size အနေနဲ့ 5.72GB ဝန်းကျင်ခန့် Download ပြုလုပ်ရမှာဖြစ်ပြီး Aquatic Design အသစ်ကို ပြောင်းလဲအသုံးပြုထားမှာဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းကို အသုံးပြုတဲ့အချိန်မှာ မတူညီတဲ့ User Interface (UI) အသစ်အပြင် Display ပိုင်း၊ Security နဲ့ Privacy ပိုင်း Feature အသစ်တွေအများအပြားပါဝင်မှာဖြစ်ပါတယ်။

Ref – Gizmo China