Paramount နဲ့ RECUR က Star Trek-themed NFT ကို ကြေညာလိုက်ပြီး Star Trek ဟာ NFT နယ်ပယ်ထဲကို ပထမဆုံး အခြေချလာတာ ဖြစ်ပါတယ်။ Star Trek Fans တွေဟာ NFT တွေ ရောင်းချတဲ့ အွန်လိုင်း Portal အသစ် ဖြစ်တဲ့ Paramount.xyz ကနေ ဧပြီလ ၉ ရက်နေ့က စတင်ကာ ဒစ်ဂျစ်တယ် Collectible တွေကို ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ StarTrek.com မှာ ဖော်ပြထားပါတယ်။
RECUR CEO Zach Bruch က “ Fans တွေဟာ သူတို့ နှစ်သက်တဲ့ ရှိုးပွဲတွေနဲ့ ပိုမို ထိတွေ့ဆက်ဆံနိုင်မယ့် နည်းလမ်း အသစ်တွေကို ရှာဖွေနေပြီး ကျွန်တော်တို့ရဲ့ ထူးခြားဆန်းသစ်တဲ့ Ecosystem က အဲဒါကို အကောင်အထည် ဖော်ပေးနေပါတယ်။ Paramont.xyz နဲ့ StarTrek.xyz တို့ကို မိတ်ဆက်ခြင်းဖြင့် Fans တွေကို Metaverse ထဲကို ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Paramont မှ Global Consumer Products and Experiences ဥက္ကဌ Pam Kaufman က “ Fans တွေဟာ Metaverse အပါအဝင် ဘယ်နေရာ ရောက်ရောက် ကျွန်တော်တို့ရဲ့ Content တွေနဲ့ ထိတွေ့နိုင်မှာ ဖြစ်ပါတယ်။ Paramount.xyz ဟာ Fans တွေအတွက် တမူထူးခြားတဲ့ ဒစ်ဂျစ်တယ် Collectible အတွေ့အကြုံကို ခံစားရစေမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ NFT နဲ့ Cryptocurrency တွေဟာ နည်းပညာ နယ်ပယ်မှာ အရမ်းကို ရေပန်းစားလာပြီး ဝေဖန်မှုများစွာလည်း မြင့်တက်လာခဲ့ပါတယ်။ Cryptocurrency ကို Mining လုပ်တဲ့အခါ စွမ်းအင်ကို အလွန်အကျွံ သုံးစွဲတာကြောင့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်ဆီးစေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။
Ref : ign