[Zawgyi]
[Unicode]
မြန်မာနိုင်ငံ၏ အကြီးမားဆုံး Startup ပြိုင်ပွဲဖြစ်သော Startup Challenge 2019 ၏ နောက်ဆုံးနေ့တွင် နည်းပညာလုပ်ငန်း ၁၂ခုအား ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ ၂၀,၀၀၀ ကို ချီးမြှင့်ခဲ့
အသင်းပေါင်း ၆၃ သင်းမှ မိမိတို့အသင်း၏ နည်းပညာစီးပွားရေးလုပ်ငန်း လုပ်ဆောင်ပြီးစီးမှုကို ဒိုင်လူကြီး ၁၅ ယောက်ထံ တင်ဆက်ပြသခဲ့ပြီး အသင်း ၁၂ သင်းမှ ဆုများရရှိသည်။ အနိုင်ရရှိသူများမှ Phandeeyar Pre-Accelerator program မှာဝင်ခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် လိုအပ်သော နယ်ပယ်များအတွက် အသစ်ဆုံးသော နည်းပညာဖြေရှင်းချက်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။
နည်းပညာလုပ်ငန်း ၁၂ခုမှ ၎င်းတို့၏စီးပွားရေးလုပ်ငန်းအား အရှိန်အဟုန်မြှင့်တင့်နိုင်သော ငွေကြေးနှင့် အခြားအကူအညီများကို မနေ့ကပြုလုပ်သော မြန်မာနိုင်ငံ၏ အကြီးဆုံးသော နည်းပညာစီးပွားရေးအကြံဉာဏ်ပြိုင်ပွဲ Startup Challenge 2019 တွင် ရရှိခဲ့ကြကြောင်း ဖန်တီးရာမှ ကြေညာခဲ့သည်။ မြို့ထဲရှိ ဖန်တီးရာရုံးတွင်ပြုလုပ်ခဲ့သော Startup Challenge 2019 ၏နောက်ဆုံးနေ့တွင် ပြိုင်ပွဲဝင် ၃၂၀ ကျော် ပါဝင်သော နည်းပညာလုပ်ငန်းစုစုပေါင်း ၆၃ခု မှ ဒိုင်လူကြီး ၁၅ဦး ရှေ့တွင် ၎င်းတို့၏ နည်းပညာစီးပွားရေးလုပ်ငန်း လုပ်ဆောင်ပြီးစီးများအား တင်ဆက်ပြသွားခဲ့သည်။ အနိုင်ရရှိသူများအား ဆုကြေးငွေ အပါအဝင် နည်းပညာလုပ်ငန်းများလုပ်ဆောင်နိုင်ရန် ဒေါ်လာ ၂၀၀၀တန် AWS credit၊ Phandeeyar’s pre-Accelerator program သို့ ၃လဝင်ရောက်ခွင့်နှင့် ကုမ္ပဏီရုံခန်းနေရာ ၃လစာ ရရှိသွားမည်ဖြစ်သည်။
Startup Challenge 2019 သည် အလားအလာအကောင်းဆုံး နည်းပညာဆိုင်ရာစီးပွားရေးလုပ်ငန်းများအား ဦးဆောင်နိုင်မည့် အစွမ်းအစပြည့်ဝသော စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို စုစည်းယှဉ်ပြိုင်စေမည့် ၉ရက်တာပြိုင်ပွဲဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သူအဖွဲ့များမှ နယ်ပယ် လေးခုအတွက် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပြီး ထိုနယ်ပယ်လေးခုမှာ Fintech (ငွေကြေးဆိုင်ရာ နည်းပညာ) ၊ Tech for Farms (လယ်ယာစိုက်ပျိုးရေး ), Tech for Cities (မြို့ပြဖွံ့ဖြိုးရေး နည်းပညာ) နှင့် Tech for Women Safety (အမျိုးသမီးများ လုံခြုံမှုဆိုင်ရာ နည်းပညာ) တို့ဖြစ်သည်။ အဆိုပါ Startup Challenge 2019 တွင် ဖန်တီးရာ၊ USAID တို့နှင့်အတူ Tech for Women Safety track အား LUX မှလည်းကောင်း၊ Fintech track အား KBZ Pay မှလည်းကောင်း, Tech for Cities track အား The Kingdom of Netherlands Embassy မှလည်းကောင်း၊ Tech for Farms track အား Proximity Designs မှလည်းကောင်း အသီးသီး ပူပေါင်းပံ့ပိုးပေးခဲ့ကြသည်။ အနိုင်ရရှိသော အဖွဲ့များနှင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
နယ်ပယ်တစ်ခုစီအတွက် အနိုင်ရရှိသည့် အသင်းများမှာ အမေရိကန်ဒေါ်လာ ၂၅၀၀ စီ၊ first runner up ဆုရရှိသည့်အသင်းများမှာ အမေရိကန်ဒေါ်လာ ၁၅၀၀ စီနှင့် အလားအလာအကောင်းဆုံးစီးပွားရေးလုပ်ငန်းဆု ရရှိသူများမှာ အမေရိကန်ဒေါ်လာ ၁၀၀၀ စီ ရရှိမည်ဖြစ်သည်။ ထို့အပြင်၊ အနိုင်ရရှိသည့်အသင်းများမှာ အမေရိကန်ဒေါ်လာ ၂၀၀၀ နှင့်ညီမျှသည့် AWS Credit နှင့် ဖန်တီးရာတွင် ၃လတာ ရုံးခန်းနေရာ အခမဲ့ ရရှိမည်ဖြစ်ပြီး ဖန်တီးရာ၏ Pre-Accelerator Program အားဝင်ခွင့်ရရှိမည်ဖြစ်သည်။
ဖန်တီးရာ၏ Accelerator Director ဖြစ်သူ မစ္စတာ João Dutra က “ဒီနှစ်ပွဲဟာ ၄ကြိမ်မြောက်ဖြစ်တဲ့အပြင် အကြီးဆုံးပွဲလည်းဖြစ်တာကြောင့် Startup Challenge ဟာ မြန်မာနိုင်ငံမှာ တကယ့်ကို ကြီးကြယ်ခမ်းနားတဲ့ tech startup တွေမွေးဖွားပေးရာ နေရာတစ်ခုဆိုတာကို သက်သေပြလိုက်တာပါပဲ။ ဒီ ၉ရက်တာကာလအတွင်းမှာ အရည်အချင်းရှိတဲ့ စွန့်ဦးတီထွင်သူ အယောက် ၃၀၀ ကျော်ကို စီးပွားရေး၊ prototyping နှင့် ဒီဇိုင်းတွေးခေါ်ပုံတွေကို အနီးကပ်သင်ကြားလမ်းညွှန်ပေးနိုင်ခဲ့ပါတယ်။ အနိုင်ရရှိတဲ့အသင်းတွေအနေနှင့်လည်း ဖန်တီးရာနှင့် ဖန်တီးရာရဲ့ ပါတနာအဖွဲ့အစည်းတွေ ဆီကနေ သူတို့လုပ်ငန်းတိုးချဲ့ဖို့ အကူအညီတွေရရှိကြမှာဖြစ်ပါတယ်။ ဖန်တီးရာရဲ့ ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံမှာ နည်းပညာဖွံဖြိုးတိုးတက်မှုတွေကို အားပေးဦးဆောင်သွားဖို့ဖြစ်ပြီး အခုဆိုရင် ဒီ Startup Challenge ပြိုင်ပွဲဝင်တွေရဲ့အကူအညီနှင့် ဒီတိုးတက်ပြောင်းလဲမှုကို ဖော်ဆောင်နိုင်မယ်ဆိုတာ အသေအချာပါပဲ။” ဟုပြောကြားခဲ့ပါသည်။
StartUp Challenge 2019 အနိုင်ရရှိသူများမှလည်း သူတို့၏ နည်းပညာလုပ်ငန်းများနှင့် ရည်ရွယ်ချက်များကို အခုလိုပြောပြသွားခဲ့သည်။
Startup Challenge 2019 ၏ Tech for Cities Track တွင် အနိုင်ရရှိခဲ့သော Tech KaTiLa ၏ co-founder နှင့် CEO ဖြစ်သူ ကိုဟန်ဝင်းအောင်က ‘ပြီးခဲ့တဲ့လကဆိုရင် ကျွန်တော့်အနေနှင့် ဖန်တီးရာ Startup Challenge ရဲ့ ဘယ် track မှာ ဝင်ပြိုင်ရမလဲဆိုတာတောင် မသိခဲ့ပါဘူး။ ကျွန်တော် ကျောင်းသားရေးရာကိုဖြတ်သွားမိရင်း စာအုပ်တွေ ဖိုင်တွေအများကြီးကိုတွေ့မိတော့ ဒီလုပ်ငန်းအတွက် အကြံရခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တက္ကသိုလ်ကျောင်းသားတွေကျောင်းအပ်ရာမှာ လွယ်ကူအဆင်ပြေစေပြီး အချိန်ကုန်သက်သာစေမယ့်၊ စာရွက်စာတမ်းလည်းမလိုတဲ့ နည်းပညာအဖြေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ Startup Challenge မှာ ယှဉ်ပြိုင်စဉ်အတွင်းမှာ အရမ်းပင်ပန်းပေမယ့် တကယ့်ကိုပင်ပန်းရကြိုးနပ်ခဲ့ပါတယ်။ ဒီပွဲမှာပါတဲ့ coaching session တွေက ကျွန်တော်တို့ ပရောဂျက်ကို ပိုမိုကောင်းအောင် ကူညီပေးခဲ့ပြီး ကျွန်တော်တို့အတွက် စိတ်ခွန်အားတွေအများကြီးရရှိစေခဲ့ပါတယ်။’ဟု Startup Challenge အပေါ်အမြင်အားပြောကြားခဲ့သည်။
Startup Challenge 2019 ၏ Tech for Farm Track တွင် အနိုင်ရခဲ့သော YaeYaeSar ၏ co-founder နှင့် CEO ဖြစ်သော အမရာအောင်က”အစားအသောက်ဘေးဥပဒ်ကင်းရှင်းရေးဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ကိစ္စရပ်ကြီးတစ်ခုဖြစ်ပြီး အမြန်ဆုံး အလေးထားကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ပါတယ်။ အစားအသောက်ထုတ်လုပ်မှုအပိုင်းမှာ လုပ်ကိုင်နေသူတစ်ဦးအနေနှင့် ကျွန်မဟာ အစားအသောက်ဘေးကင်းလုံခြုံမှုရှိအောင် ဘယ်လို ကာကွယ်လုပ်ဆောင်ရမလဲဆိုတဲ့ ဗဟုသုတတွေကို စားသုံးသူတွေကိုသာမက စိုက်ပျိုးသူတွေနှင့် အစားအစာထုတ်လုပ်သူတွေထံ မျှဝေပေးလိုတဲ့ ဆန္ဒပြင်းပြခဲ့ပါတယ်။ အခုလိုဖန်တီးရာက ဒီပရိုဂရမ်လေးကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ကျွန်မအရမ်းကိုဝမ်းသာပါတယ်။ ဒီကနေ ကျွန်မတို့လုပ်ငန်းအတွက် ပညာတွေရသလို စိတ်ခွန်အားတွေလည်းအများကြီးရရှိခဲ့ပါတယ်။ အခုဆိုရင်နည်းပညာအကူအညီနှင့် ကျွန်မတို့ဟာ အစားအသောက်ဘေးဥအဒ်ကင်းစင်ရေးနှင့်သက်ဆိုင်တဲ့ ဗဟုသုတတွေကိုဝေမျှပေးနိုင်မယ့် platform တစ်ခုကိုဖန်တီးနိုင်ခဲ့ပါပြီ။ ဒီကနေတဆင့် ကျန်းမာကြံ့ခိုင်တဲ့ နိုင်ငံဖြစ်လာစေဖို့ ကူညီပေးနိုင်တော့မှလည်းဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။
Startup Challenge 2019 အကြောင်းအသေးစိတ်သိရှိလိုပါက https://www.startupchallengemm.com/ တွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။
ပြိုင်ပွဲနှင့် ပတ်သက်သောအချက်အလက်များကို https://www.facebook.com/phandeeyar တွင် စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။