အခုနောက်ပိုင်းမှာ Non-fungible Token တဖြစ်လဲ NFT တွေဟာ လူတိုင်းနီးပါး စိတ်ဝင်စားလာကြတဲ့နည်းပညာတစ်ခုလိုတောင်ပြောနိုင်ပါတယ်။ ဒါပေမယ့် NFT တွေကို ကောင်းကောင်းအသုံးပြုနိုင်ဖို့အတွက် Cryptocurrency အကြောင်းကို နားလည်ပြီး ပိုင်ဆိုင်ထားဖို့လည်း လိုအပ်ပါတယ်။

ဒါကြောင့် အခုအချိန်မှာတော့ အမေရိကန်နိုင်ငံ New York မြို့မှာ Startup ကုမ္ပဏီတစ်ခုကနေ NFT တွေကို လူတိုင်းအလွယ်ဝယ်ယူနိုင်စေမယ့် NFT Vending Machine ကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ NFT Vending Machine တွေဟာ Crypto-less ဖြစ်တာကြောင့် ကိုယ့်ဆီမှာ Cryptocurrency ပိုင်ဆိုင်ထားခြင်းမရှိရင်တောင် ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

အဆိုပါ Startup ကုမ္ပဏီရဲ့ နာမည်ကိုတော့ Neon လို့ပေးထားပြီး ပြီးခဲ့တဲ့လတုန်းက မတည်ငွေအနေနဲ့ ဒေါ်လာ ၃ သန်းခန့်ထည့်သွင်းထားတယ်လို့ သိရပါတယ်။ အခု NFT Vending Machine ဟာ Wall Street အနီးမှာ တည်ရှိတာဖြစ်ပြီး Credit Card သို့မဟုတ် Debit Card နဲ့ ဝယ်ယူလိုက်တာနဲ့ NFT အတွက် Unique Code ပါဝင်တဲ့ Box တစ်ခုကျလာမှာဖြစ်တယ်လို့ သိရပါတယ်။

Neon ကုမ္ပဏီရဲ့ Co-founder ဖြစ်တဲ့ Jordan Birnholz ရဲ့ ပြောကြားချက်အတော့ Neon Vending Machine တွေမှာာ “Color” NFT ကို $5.99 နဲ့ ရောင်းချပြီးတော့ “Party Pigeons” NFT တွေကိုတော့ $420.69 နဲ့ ရောင်းချသွားတယ်လို့ သိရပါတယ်။ အဆိုပါ NFT တွေကို Solana Wallet ကိုလွှဲပြောင်းပြီး ကြိုက်တဲ့နေရာမှာ ပြန်လည်ရောင်းချနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး Solana Blockchain ကို ရွေးချယ်လိုက်တာကလည်း Energy-Efficient အဖြစ်ဆုံးဖြစ်တဲ့အပြင် Zero Fee နီးပါးဖြင့် တစ်စက္ကန့်ကို Transaction ပေါင်း ၆၅,၀၀၀ ခန့်ထုတ်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ Neon ကုမ္ပဏီကနေ ရောင်းချတဲ့ NFT Transaction တွေအကုန်လုံးကလည်း Carbon Neutral ဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုကိုလည်း ကာကွယ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ NFT တွေကို ဝယ်ယူဖို့အတွက် အခုလိုမျိုး Vending Machine တွေကို အများအပြားတွေ့ရဖို့ရှိနေပါတယ်။

Ref – ZD Net