[Zawgyi]

MIDO ႏွင့္ ပူးေပါင္း၍ ရန္ကုန္ၿမိဳ႕၊ ရန္ကင္းပညာေရးေကာလိပ္ရွိ ေက်ာင္းသား/သူေပါင္း ၈၀၀ ေက်ာ္အတြက္ အြန္လိုင္းေဘးကင္းလုံၿခဳံမႈပိုင္း ဆိုင္ရာ အသိပညာေပး ေဟာေျပာပြဲအား ေအာင္ျမင္စြာ က်င္းပျပဳလုပ္ခဲ့ပါသည္။

ဇြန္လ ၂၁ ရက္ေန႔တြင္ က်ေရာက္သည့္ Stop Cyberbullying Day (အြန္လိုင္းအႏိုင္က်င့္မႈ ပေပ်ာက္ေရးေန႔) အထိမ္းအမွတ္အျဖစ္ တယ္လီေနာျမန္မာသည္ အြန္လိုင္းေဘးကင္း လုံၿခဳံမႈပိုင္းဆိုင္ရာ အသိပညာေပးေဟာေျပာပြဲတစ္ရပ္အား ရန္ကုန္ၿမိဳ႕ရွိ ရန္ကင္း ပညာေရးေကာလိပ္တြင္ က်င္းပ ျပဳလုပ္ခဲ့သည္။ အဆိုပါ အခမ္းအနားအား Myanmar ICT for Development Organization (MIDO) ႏွင့္ ပူးေပါင္း လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ၿပီး ေက်ာင္းသားေက်ာင္းသူေပါင္း ၈၀၀ ေက်ာ္ တက္ေရာက္ခဲ့ၾကသည္။

Stop Cyberbullying Day သည္ ႏိုင္ငံတကာအသိအမွတ္ျပဳေန႔တစ္ေန႔ျဖစ္ၿပီး ႏွစ္စဥ္ႏွစ္တိုင္း ဇြန္လ၏ တတိယေျမာက္ ေသာၾကာေန႔တိုင္းတြင္ က်င္းပျပဳလုပ္ေလ့ရွိသည္။ ကမာၻတစ္ဝန္းရွိ မတူညီေသာေနရာေဒသမ်ားတြင္ မွီတင္းေနထိုင္ ၾကသူအားလုံး၏ ရည္သန္ခ်က္ျဖစ္သည့္ ပုဂၢိဳလ္ေရးဆိုင္ရာ ၿခိမ္းေျခာက္မႈမ်ား၊ ေႏွာင့္ယွက္ျခင္းမ်ား၊ အႏိုင္က်င့္ျခင္းမ်ား ကင္းေဝးသည့္ ေကာင္းမြန္ေသာ အြန္လိုင္းပတ္ဝန္းက်င္တစ္ရပ္ ေဖာ္ေဆာင္ႏိုင္ေစရန္ဟူသည့္အခ်က္အား အားေပး ေထာက္ခံသည့္အေနျဖင့္ Stop Cyberbullying Day အား စတင္ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။ ႏွစ္စဥ္အဆိုပါေန႔ရက္တြင္ စီးပြားေရးလုပ္ငန္းစုႀကီးမ်ား၊ ပညာေရးက႑မွ အဖြဲ႕အစည္းမ်ား၊ စာနယ္ဇင္းမ်ား၊ အက်ိဳးမျမတ္မယူေသာ အဖြဲ႕အစည္းမ်ား၊ အစိုးရပိုင္းဆိုင္ရာႏွင့္ ထင္ရွားေက်ာ္ၾကားသူမ်ားသည္ အြန္လိုင္းအႏိုင္က်င့္မႈမ်ားႏွင့္ အျခားမည္သည့္ ဒစ္ဂ်စ္တယ္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္မႈမ်ိဳးကိုမဆို ဆန႔္က်င္ေၾကာင္းႏွင့္ လြတ္လပ္စြာ ေျပာဆိုခြင့္ကို အားေပးေထာက္ခံ ေၾကာင္း မွတ္ခ်က္ျပဳေျပာၾကားေလ့ရွိၾကၿပီး လူတစ္ဦးႏွင့္တစ္ဦး အျပန္အလွန္ေလးစားမႈရွိၾကရန္ဟူသည့္ အေျခခံ နိယာမအား လက္ကိုင္ထားရန္ တိုက္တြန္းေျပာဆိုေလ့ ရွိၾကသည္။

“အင္တာနက္ကို ကေလးငယ္ေတြနဲ႔ လူငယ္ေတြ တာဝန္သိစြာနဲ႔ အက်ိဳးရွိစြာ အသုံးခ်ႏိုင္ဖို႔ အသိပညာေပးတယ္ဆိုတာ ႏိုင္ငံရဲ႕အနာဂတ္အတြက္ ကြၽန္မတို႔ျပဳလုပ္ေပးႏိုင္တဲ့ အေကာင္းဆုံးရင္းႏွီးျမႇဳပ္ႏွံမႈေတြထဲကတစ္ခု ျဖစ္ပါတယ္။ ဒီလို အသိပညာေပးမႈ အစီအစဥ္ဟာ ျမန္မာႏိုင္ငံမွာ မွီတင္းေနထိုင္ၾကတဲ့ လူ႔အသိုက္အဝန္းရဲ႕ လူေနထိုင္မႈ ဘဝပုံစံေတြ ပိုမိုတိုးတက္ေကာင္းမြန္လာေစဖို႔နဲ႔ ဆက္သြယ္ခ်ိတ္ဆက္မႈရဲ႕ အက်ိဳးေက်းဇူးေတြကို အျပည့္အဝ ခံစားရေစႏိုင္ဖို႔ ကြၽန္မတို႔ တယ္လီေနာက ရည္႐ြယ္လုပ္ေဆာင္ေနတဲ့ ေဆာင္႐ြက္ခ်က္ေတြထဲက တစ္ခုျဖစ္ပါတယ္။ အခုလို အြန္လိုင္းေဘးကင္းလုံၿခဳံမႈပိုင္းဆိုင္ရာ အသိပညာေပးေဟာေျပာမႈကေနတဆင့္ ေက်ာင္းသားေက်ာင္းသူေတြ အတြက္ သာမက ရန္ကင္းပညာေရးေကာလိပ္မွာ ပညာသင္ၾကားေနၾကတဲ့ ဆရာ/ဆရာမေလာင္းလ်ာေတြအတြက္လည္း အမ်ားႀကီး အက်ိဳးရွိေစမယ္လို႔ ကြၽန္မတို႔ယုံၾကည္ပါတယ္” ဟု တယ္လီေနာျမန္မာ၏ တာဝန္သိလူမႈအက်ိဳးျပဳလုပ္ငန္း မ်ားဆိုင္ရာ တာဝန္ရွိသူ ေဒၚခင္ျပည့္ဝန္းေသာ္တာ က ေျပာၾကားသည္။

တယ္လီေနာျမန္မာအေနႏွင့္ ျမန္မာႏိုင္ငံ၏ ဒစ္ဂ်စ္တယ္အနာဂတ္သို႔ ေလွ်ာက္လွမ္းရမည့္ လမ္းစဥ္တြင္ လိုအပ္ေသာ အေျခခံအုတ္ျမစ္မ်ား တည္ေဆာက္ႏိုင္ေစေရး အထူးအေလးထား လုပ္ေဆာင္ေနသည့္အေလ်ာက္ ကုမၸဏီ၏ ‘ေဘးကင္းေသာ အင္တာနက္’ စီမံကိန္းအား ၂၀၁၆ ခုႏွစ္တြင္ စတင္မိတ္ဆက္ခဲ့ၿပီး လက္ရွိတြင္ ျမန္မာႏိုင္ငံတဝန္းမွ ေက်ာင္းသားေက်ာင္းသူေပါင္း ၃၀၀,၀၀၀ ေက်ာ္အား အင္တာနက္အား ေဘးကင္းလုံၿခဳံမႈရွိစြာႏွင့္ အက်ိဳးရွိစြာ အသုံးျပဳႏိုင္မည္နည္းလမ္းမ်ားအား သင္ၾကားပို႔ခ်ေပးခဲ့ၿပီး ျဖစ္သည္။ အလားတူပင္ ၂၀၁၈ ခုႏွစ္ကလည္း Stop Cyberbullying Day အထိမ္းအမွတ္အျဖစ္ ကေလးသူငယ္မ်ားႏွင့္ ၎တို႔၏ မိသားစုမ်ား အင္တာနက္အသုံးျပဳရာတြင္ လုံၿခဳံစိတ္ခ်မႈရွိစြာႏွင့္ တာဝန္သိစြာ မည္သို႔အသုံးျပဳရမည္ဟူသည့္အခ်က္မ်ားအား စိတ္ဝင္စားဖြယ္ရာ နည္းလမ္းမ်ား ႏွင့္ အသိပညာေပးသြားႏိုင္မည့္ Digiworld အမည္ရွိ အြန္လိုင္း သင္ခန္းစာတစ္ရပ္အား တယ္လီေနာျမန္မာက စတင္မိတ္ဆက္ခဲ့သည္။

[Unicode]

Stop Cyberbullying Day အထိမ်းအမှတ် ကျောင်းသား/သူပေါင်း ၈၀၀ ကျော်နှင့် အတူ တယ်လီနောဆင်နွှဲ

MIDO နှင့် ပူးပေါင်း၍ ရန်ကုန်မြို့၊ ရန်ကင်းပညာရေးကောလိပ်ရှိ ကျောင်းသား/သူပေါင်း ၈၀၀ ကျော်အတွက် အွန်လိုင်းဘေးကင်းလုံခြုံမှုပိုင်း ဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဇွန်လ ၂၁ ရက်နေ့တွင် ကျရောက်သည့် Stop Cyberbullying Day (အွန်လိုင်းအနိုင်ကျင့်မှု ပပျောက်ရေးနေ့) အထိမ်းအမှတ်အဖြစ် တယ်လီနောမြန်မာသည် အွန်လိုင်းဘေးကင်း လုံခြုံမှုပိုင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲတစ်ရပ်အား ရန်ကုန်မြို့ရှိ ရန်ကင်း ပညာရေးကောလိပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားအား Myanmar ICT for Development Organization (MIDO) နှင့် ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ကျောင်းသားကျောင်းသူပေါင်း ၈၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

Stop Cyberbullying Day သည် နိုင်ငံတကာအသိအမှတ်ပြုနေ့တစ်နေ့ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ဇွန်လ၏ တတိယမြောက် သောကြာနေ့တိုင်းတွင် ကျင်းပပြုလုပ်လေ့ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ မတူညီသောနေရာဒေသများတွင် မှီတင်းနေထိုင် ကြသူအားလုံး၏ ရည်သန်ချက်ဖြစ်သည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊ နှောင့်ယှက်ခြင်းများ၊ အနိုင်ကျင့်ခြင်းများ ကင်းဝေးသည့် ကောင်းမွန်သော အွန်လိုင်းပတ်ဝန်းကျင်တစ်ရပ် ဖော်ဆောင်နိုင်စေရန်ဟူသည့်အချက်အား အားပေး ထောက်ခံသည့်အနေဖြင့် Stop Cyberbullying Day အား စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ်အဆိုပါနေ့ရက်တွင် စီးပွားရေးလုပ်ငန်းစုကြီးများ၊ ပညာရေးကဏ္ဍမှ အဖွဲ့အစည်းများ၊ စာနယ်ဇင်းများ၊ အကျိုးမမြတ်မယူသော အဖွဲ့အစည်းများ၊ အစိုးရပိုင်းဆိုင်ရာနှင့် ထင်ရှားကျော်ကြားသူများသည် အွန်လိုင်းအနိုင်ကျင့်မှုများနှင့် အခြားမည်သည့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုမျိုးကိုမဆို ဆန့်ကျင်ကြောင်းနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို အားပေးထောက်ခံ ကြောင်း မှတ်ချက်ပြုပြောကြားလေ့ရှိကြပြီး လူတစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှုရှိကြရန်ဟူသည့် အခြေခံ နိယာမအား လက်ကိုင်ထားရန် တိုက်တွန်းပြောဆိုလေ့ ရှိကြသည်။

“အင်တာနက်ကို ကလေးငယ်တွေနဲ့ လူငယ်တွေ တာဝန်သိစွာနဲ့ အကျိုးရှိစွာ အသုံးချနိုင်ဖို့ အသိပညာပေးတယ်ဆိုတာ နိုင်ငံရဲ့အနာဂတ်အတွက် ကျွန်မတို့ပြုလုပ်ပေးနိုင်တဲ့ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတွေထဲကတစ်ခု ဖြစ်ပါတယ်။ ဒီလို အသိပညာပေးမှု အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ လူ့အသိုက်အဝန်းရဲ့ လူနေထိုင်မှု ဘဝပုံစံတွေ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့နဲ့ ဆက်သွယ်ချိတ်ဆက်မှုရဲ့ အကျိုးကျေးဇူးတွေကို အပြည့်အဝ ခံစားရစေနိုင်ဖို့ ကျွန်မတို့ တယ်လီနောက ရည်ရွယ်လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အခုလို အွန်လိုင်းဘေးကင်းလုံခြုံမှုပိုင်းဆိုင်ရာ အသိပညာပေးဟောပြောမှုကနေတဆင့် ကျောင်းသားကျောင်းသူတွေ အတွက် သာမက ရန်ကင်းပညာရေးကောလိပ်မှာ ပညာသင်ကြားနေကြတဲ့ ဆရာ/ဆရာမလောင်းလျာတွေအတွက်လည်း အများကြီး အကျိုးရှိစေမယ်လို့ ကျွန်မတို့ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ တာဝန်သိလူမှုအကျိုးပြုလုပ်ငန်း များဆိုင်ရာ တာဝန်ရှိသူ ဒေါ်ခင်ပြည့်ဝန်းသော်တာ က ပြောကြားသည်။

တယ်လီနောမြန်မာအနေနှင့် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်အနာဂတ်သို့ လျှောက်လှမ်းရမည့် လမ်းစဉ်တွင် လိုအပ်သော အခြေခံအုတ်မြစ်များ တည်ဆောက်နိုင်စေရေး အထူးအလေးထား လုပ်ဆောင်နေသည့်အလျောက် ကုမ္ပဏီ၏ ‘ဘေးကင်းသော အင်တာနက်’ စီမံကိန်းအား ၂၀၁၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံတဝန်းမှ ကျောင်းသားကျောင်းသူပေါင်း ၃၀၀,၀၀၀ ကျော်အား အင်တာနက်အား ဘေးကင်းလုံခြုံမှုရှိစွာနှင့် အကျိုးရှိစွာ အသုံးပြုနိုင်မည်နည်းလမ်းများအား သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်သည်။ အလားတူပင် ၂၀၁၈ ခုနှစ်ကလည်း Stop Cyberbullying Day အထိမ်းအမှတ်အဖြစ် ကလေးသူငယ်များနှင့် ၎င်းတို့၏ မိသားစုများ အင်တာနက်အသုံးပြုရာတွင် လုံခြုံစိတ်ချမှုရှိစွာနှင့် တာဝန်သိစွာ မည်သို့အသုံးပြုရမည်ဟူသည့်အချက်များအား စိတ်ဝင်စားဖွယ်ရာ နည်းလမ်းများ နှင့် အသိပညာပေးသွားနိုင်မည့် Digiworld အမည်ရှိ အွန်လိုင်း သင်ခန်းစာတစ်ရပ်အား တယ်လီနောမြန်မာက စတင်မိတ်ဆက်ခဲ့သည်။