Unicode

အခြားလူတစ်ယောက် ဂိမ်းဆော့ပြတာကို Live ကြည့်ရတဲ့ Streaming ဟာ အခုနှစ်ပိုင်းအတွင်းမှာ သိသာစွာ တိုးတက်လာပြီး ဈေးကွက်လိုအပ်ချက်မြင့်တက်လာရုံသာမက ကျော်ကြားသူတွေလည်း ပိုမိုထွက်ပေါ်လာခဲ့ပါတယ်။

၂၀၁၉ ခုနှစ်ရဲ့ နောက်ဆုံးသုံးလပတ်ကာလအတွက် အစီရင်ခံစာတစ်ခုတည်းမှာတင် ၂၀၁၈ ရဲ့ အလားတူကာလထက် တစ်နာရီကိုပျမ်းမျှကြည့်ရှုမှုနှုန်း ၁၂ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ ဒီထဲက တိုးလာတဲ့ အစိတ်အပိုင်းအများစုဟာ အခုနှစ်ထဲမှာ လူသုံးများလာတဲ့ Facebook Gaming ကနေ လာတာပါ။

လက်ရှိမြန်မာနိုင်ငံမှာလည်း လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ကို အဓိကထားပြီး Stream နေသူတွေက ပိုများပြားသလို အခြားနိုင်ငံတွေမှာလည်း အားပေးကြပုံပါပဲ။ ၂၀၁၉ တစ်နှစ်ထဲမှာ Facebook Gaming ရဲ့ တစ်နာရီကို ကြည့်ရှုမှုအရေအတွက်နှုန်းဟာ စုစုပေါင်း ၂၁၀ ရာခိုင်နှုန်းထိ ထိုးတက်သွားခဲ့တာပါ။

Facebook Gaming ကို အသုံးပြုတဲ့ Streamer အရေအတွက်က ၆ ရာခိုင်နှုန်းသာ တိုးခဲ့ပေမယ့် တစ်နာရီတိုင်းမှာ Streaming ကိုကြည့်ရှုသူဦးရေက ၇၈ ရာခိုင်နှုန်းထိ တက်လာခဲ့ပါတယ်။ ဒါ့ကြောင့် Facebook မှာ Streamer ဦးရေထက် ကြည့်ရှုသူပရိသတ်တွေက သိသာစွာ ပိုတိုးပွားလာတာပါ။

အရင်က Streaming ဈေးကွက်ကို မောင်ပိုင်စီးထားတယ်လို့ ဆိုရမလောက် စိုးမိုးထားတဲ့ Twitch ကတော့ ဈေးကွက်ပိုင်ဆိုင်မှု ရာခိုင်နှုန်းအနည်းငယ် ထိုးကျသွားခဲ့ပြီး ပြောင်းပြန်အနေနဲ့ ဂိမ်းဆော့တာမဟုတ်တဲ့ Category မှာတော့ ကြည့်ရှုသူနှုန်းက တက်လာခဲ့ပါတယ်။

Just Chatting လို့အမည်ပေးထားတဲ့ Category အောက်မှာ Stream သူတွေဟာ ဘာမှဆော့မပြဘဲ ကြည့်ရှုသူတွေနဲ့ အပြန်အလှန်စကားပြောကြတာ ဖြစ်ပါတယ်။ ဒီအစိတ်အပိုင်းဟာ ၂၀၁၈ ဒီဇင်ဘာမှာ Twitch သုံးစွဲသူရဲ့ ၃% ကိုသာ ဆွဲဆောင်ခဲ့ပေမယ့် အခု ၂၀၁၉ ဒီဇင်ဘာမှာ Twitch သုံးစွဲသူအားလုံးရဲ့ ၁၁% ဟာ Just Chatting ထဲကို ရောက်နေခဲ့တာဖြစ်ပါတယ်။

Microsoft ရဲ့ Streaming ပလက်ဖောင်း Mixer ဟာလည်း အခုနှစ်အတွင်းမှာ Twitch ပေါ်က ပရိသတ်သန်းနဲ့ချီရှိတဲ့ Streamer တွေကို ခေါ်ယူတာမျိုးတွေ ပြုလုပ်ခဲ့တာကြောင့်လည်း Streaming ဈေးကွက်မြင့်တက်လာချိန်မှာ Twitch က အနည်းငယ် အကျဘက်ပြလာခဲ့တာ ဖြစ်မှာပါ။ ဒါပေမယ့် သေချာတာကတော့ အခုချိန်မှာ Streaming ပရိသတ်ဦးရေဟာ အမြင့်မားဆုံးအဖြစ် ရောက်ရှိနေပြီ ဆိုတာပါပဲ။

Ref – The Verge

Zawgyi

အျခားလူတစ္ေယာက္ ဂိမ္းေဆာ့ျပတာကို Live ၾကည့္ရတဲ့ Streaming ဟာ အခုႏွစ္ပုိင္းအတြင္းမွာ သိသာစြာ တိုးတက္လာၿပီး ေစ်းကြက္လိုအပ္ခ်က္ျမင့္တက္လာရုံသာမက ေက်ာ္ၾကားသူေတြလည္း ပိုမုိထြက္ေပၚလာခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္ရဲ႕ ေနာက္ဆုံးသုံးလပတ္ကာလအတြက္ အစီရင္ခံစာတစ္ခုတည္းမွာတင္ ၂၀၁၈ ရဲ႕ အလားတူကာလထက္ တစ္နာရီကိုပ်မ္းမွ်ၾကည့္ရႈမႈႏႈန္း ၁၂ ရာခုိင္ႏႈန္းထိ တုိးတက္လာခဲ့တယ္လို႔ သိရပါတယ္။ ဒီထဲက တုိးလာတဲ့ အစိတ္အပုိင္းအမ်ားစုဟာ အခုႏွစ္ထဲမွာ လူသုံးမ်ားလာတဲ့ Facebook Gaming ကေန လာတာပါ။

လက္ရွိျမန္မာႏုိင္ငံမွာလည္း လူမႈကြန္ရက္တစ္ခုျဖစ္တဲ့ Facebook ကို အဓိကထားၿပီး Stream ေနသူေတြက ပိုမ်ားျပားသလို အျခားႏုိင္ငံေတြမွာလည္း အားေပးၾကပုံပါပဲ။ ၂၀၁၉ တစ္ႏွစ္ထဲမွာ Facebook Gaming ရဲ႕ တစ္နာရီကို ၾကည့္ရႈမႈအေရအတြက္ႏႈန္းဟာ စုစုေပါင္း ၂၁၀ ရာခုိင္ႏႈန္းထိ ထိုးတက္သြားခဲ့တာပါ။

Facebook Gaming ကုိ အသုံးျပဳတဲ့ Streamer အေရအတြက္က ၆ ရာခုိင္ႏႈန္းသာ တုိးခဲ့ေပမယ့္ တစ္နာရီတုိင္းမွာ Streaming ကိုၾကည့္ရႈသူဦးေရက ၇၈ ရာခုိင္ႏႈန္းထိ တက္လာခဲ့ပါတယ္။ ဒါ့ေၾကာင့္ Facebook မွာ Streamer ဦးေရထက္ ၾကည့္ရႈသူပရိသတ္ေတြက သိသာစြာ ပုိတုိးပြားလာတာပါ။

အရင္က Streaming ေစ်းကြက္ကို ေမာင္ပုိင္စီးထားတယ္လို႔ ဆုိရမေလာက္ စုိးမုိးထားတဲ့ Twitch ကေတာ့ ေစ်းကြက္ပိုင္ဆုိင္မႈ ရာခုိင္ႏႈန္းအနည္းငယ္ ထိုးက်သြားခဲ့ၿပီး ေျပာင္းျပန္အေနနဲ႔ ဂိမ္းေဆာ့တာမဟုတ္တဲ့ Category မွာေတာ့ ၾကည့္ရႈသူႏႈန္းက တက္လာခဲ့ပါတယ္။

Just Chatting လုိ႔အမည္ေပးထားတဲ့ Category ေအာက္မွာ Stream သူေတြဟာ ဘာမွေဆာ့မျပဘဲ ၾကည့္ရႈသူေတြနဲ႔ အျပန္အလွန္စကားေျပာၾကတာ ျဖစ္ပါတယ္။ ဒီအစိတ္အပုိင္းဟာ ၂၀၁၈ ဒီဇင္ဘာမွာ Twitch သုံးစြဲသူရဲ႕ ၃% ကိုသာ ဆြဲေဆာင္ခဲ့ေပမယ့္ အခု ၂၀၁၉ ဒီဇင္ဘာမွာ Twitch သုံးစြဲသူအားလုံးရဲ႕ ၁၁% ဟာ Just Chatting ထဲကို ေရာက္ေနခဲ့တာျဖစ္ပါတယ္။

Microsoft ရဲ႕ Streaming ပလက္ေဖာင္း Mixer ဟာလည္း အခုႏွစ္အတြင္းမွာ Twitch ေပၚက ပရိသတ္သန္းနဲ႔ခ်ီရွိတဲ့ Streamer ေတြကို ေခၚယူတာမ်ဳိးေတြ ျပဳလုပ္ခဲ့တာေၾကာင့္လည္း Streaming ေစ်းကြက္ျမင့္တက္လာခ်ိန္မွာ Twitch က အနည္းငယ္ အက်ဘက္ျပလာခဲ့တာ ျဖစ္မွာပါ။ ဒါေပမယ့္ ေသခ်ာတာကေတာ့ အခုခ်ိန္မွာ Streaming ပရိသတ္ဦးေရဟာ အျမင့္မားဆုံးအျဖစ္ ေရာက္ရွိေနၿပီ ဆုိတာပါပဲ။

Ref – The Verge