ပညာရှင်တွေက လူသားတွေကို အာကာသမှ ဂြိုလ်တွေမှာ အခြေချနေထိုင်နိုင်အောင် စူးစမ်းလေ့လာနေကြပါတယ်။ အဲဒီလိုဆိုရင် လူသားတွေဟာ အာကာသမှာ နှစ်ပေါင်းများစွာ ခရီးသွားလာနိုင်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာနဲ့ နီးတဲ့ Proxima Centauri လို ဂြိုလ်ကို သွားမယ်ဆိုရင် အလင်းနှစ် ၄၁၄ နှစ် ကြာမြင့်မှာ ဖြစ်ပါတယ်။ အလင်းရဲ့ အမြန်နှုန်းနဲ့ သွားမယ်ဆိုရင်တောင် ဆယ်စုနှစ်များစွာ ကြာမြင့်မှာ ဖြစ်ပါတယ်။
အဲဒီလို ခရီးသွားနိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေက လူသားတွေကို Hibernation လုပ်တဲ့ နည်းလမ်းကို လေ့လာနေကြပါတယ်။ တစ်နည်းအားဖြင့် လူသားတွေကို နှစ်ပေါင်းများစွာ အိပ်မွေ့ချတာ သို့မဟုတ် အသက်ရှင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ နာဆာ ကလည်း အလားတူ အိုင်ဒီယာကို လေ့လာနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။
မကြာခင်က ဂျာမနီ နိုင်ငံ Greifswald တက္ကသိုလ်မှ Gerald Kerth ဦးဆောင်တဲ့ သုတေသန အဖွဲ့က လင်းနို့တွေဟာ အဲဒီလို Hibernation လုပ်နိုင်တဲ့ စွမ်းရည် ရှိတယ်ဆိုတာ သိခဲ့ရပါတယ်။ ပညာရှင်တွေက လင်းနို့ရဲ့ သွေးဆဲလ်တွေဟာ Hibernate လုပ်တဲ့ အချိန်မှာ ဘယ်လို ဖြစ်သွားသလဲ ဆိုတာကို လေ့လာခဲ့ကြပြီး လူသားတွေရဲ့ သွေးနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
ပညာရှင်တွေက လင်းနို့ရဲ့ ကိုယ်တွင်း အပူချိန်ဟာ ၉၉ ကနေ ၇၃ ဒီဂရီ ဖာရင်ဟိုက်ကို ကျသွားတဲ့အခါမှာ သွေးဆဲလ်တွေဟာ ကော်လို ပြစ်ခဲသွားတာကို တွေ့ရပါတယ်။ ဒါဟာ အေးမြတဲ့ အခြေအနေမှာ စွမ်းအင်ကို သိုလှောင်ထားနိုင်ပါတယ်။ လင်းနို့ရဲ့ သွေးဆဲလ်တွေဟာ အပူချိန် ၅၀ ဒီဂရီ ဖာရင်ဟိုက်အထိ ကျသွားရင်တောင် အသွင်ပြောင်းနိုင်ကြပြီး ဒါကို လူသား ဆဲလ်တွေမှာ မတွေ့ရပါဘူး။ အဲဒီအတွက် လင်းနို့တွေမှာ တစ်မူထူးခြားပြီး အေးမြတာကို ခံနိုင်တဲ့ သွေးဆဲလ်တွေ ရှိနေပါတယ်။ အဲဒီ စွမ်းရည်ကို လူသားတွေမှ အသုံးပြုနိုင်မယ်ဆိုရင် လူသားတွေကို နှစ်ပေါင်းများစွာ အိပ်မွေ့ချထားနိုင်မှာ ဖြစ်ပါတယ်။
လူသားတွေကို နှစ်ပေါင်းများစွာ အိပ်မွေ့ချပြီး အာကာသမှာ ခရီးသွားမယ့် အိုင်ဒီယာ တကယ် ဖြစ်လာဖို့ အဝေးကြီးလာသေးပေမယ့် အခု လေ့လာတွေ့ရှိမှုက ဆေးသိပ္ပံ နယ်ပယ်မှာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်လာပါတယ်။
Ref : Tech Explorers