Subway Surfers ဂိမ်းကို လူတိုင်းရင်းနှီးကြမယ်ထင်ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်တုန်းက SYBO နဲ့ Kiloo Developer တွေကနေ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ အခုဂိမ်းဟာ လက်ရှိအချိန်မှာတော့ Android Application Market တစ်ခုဖြစ်တဲ့ Google Play Store မှာ မှတ်ကျောက်တစ်ခုတင်နိုင်ပြီပဲဖြစ်ပါတယ်။

အဲ့ဒါကတော့ Subway Surfers ဂိမ်းဟာ ပထမဆုံးအနေနဲ့ Google Play Store မှာ Download ပြုလုပ်ပြီး အသုံးပြုဆော့ကစားသူ ၁ ဘီလီယံပြည့်သွားပြီပဲဖြစ်ပါတယ်။ အခု ပမာဏဟာ ကမ္ဘာ့လူဦးရေရဲ့ ၇ ပုံ ၁ ပုံအထိရှိတဲ့အတွက် အခုအောင်မြင်မှုက Subway Surfers ဂိမ်းအတွက်တော့ ကြီးမားတဲ့အောင်မြင်မှုတစ်ခုလို့ ပြောလို့ရပါတယ်။

အခုလိုမျိုး အောင်မြင်ရတာကလည်း ထွက်ရှိခဲ့တဲ့ ၆ နှစ်တာ ကာလအတွင်းမှာ Developer တွေက ဂိမ်းကို Update တွေအများအပြား လစဉ်ထုတ်ပေးနေပြီးတော့ အဆင့်မြှင့်တင်မှုတွေကို ဆက်တိုက်ပြုလုပ်နေတာကြောင့်လည်း ဖြစ်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Subway Surfers ဂိမ်းကို ဆော့ကစားနေတဲ့သူတွေရှိသေးရင် Comment ပေးခဲ့သွားပါဦး။