Nintendo ရဲ့ Classic Video Game  ဖြစ်တဲ့ ‘Super Mario 64’ ရဲ့ Cartridge တစ်ခုကို ကမ္ဘာ့ စံချိန်တင်ဈေးအဖြစ် ဒေါ်လာ ၁.၅၆ သန်းနဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လေလံတင် ရောင်းချခဲ့ပါတယ်။ Game Cartridge တစ်ခုကို ဒေါ်လာ ၁ သန်းကျော်နဲ့ ရောင်းချတာ ကမ္ဘာမှာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မတိုင်ခင် ၂ ရက်အလိုက  Nintendo NES Console အဟောင်းတွေအတွက် ဖြန့်ချိထားတဲ့ The Legend of Zelda ကော်ပီ တစ်ခုကို အဲဒီအချိန်တုန်းက စံချိန်တင်ဈေးအဖြစ် ဒေါ်လာ ၈၇၀,၀၀၀ နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်ကထုတ်ခဲ့တဲ့ အဲဒီ Cartridge ဟာ Original Packaging အတိုင်း မပျက်မဆီး ရှိနေပါသေးတယ်။

'Super Mario' Nintendo Video Game Cartridge Sold for Record $1.5 Million

စွန့်စားခန်း၊ အက်ရှင်နဲ့ စူးစမ်းလေ့လာရေးတွေ ပေါင်းစပ်ထားတဲ့ Zelda ဟာ Video Game သမိုင်းမှာ နာမည်အကြီးဆုံး Game တွေထဲက တစ်ခု ဖြစ်သလို Nintendo ရဲ့ လူကြိုက်အများဆုံး Series တစ်ခု ဖြစ်ပါတယ်။

Walkthrough - Super Mario 64 Wiki Guide - IGN

Dallas အခြေစိုက် Heritage Auctions က အဲဒီ ရောင်းချမှု နှစ်ခုစလုံးကို စီမံခန့်ခွဲခဲ့တာ ဖြစ်ပြီး ဝယ်ယူသူတွေကိုတော့ ပြောကြားခြင်း မရှိပါဘူး။ သောကြာနေ့ မတိုင်ခင်က စံချိန်တင် Video Game Auction ဟာ ၁၉၈၆ ခုနှစ် ဧပြီလမှာ Super Mario Bros Cartridge ကို ရောင်းချခဲ့တာဖြစ်ပါတယ်။ အဲဒီ Cartridge ကို ဒေါ်လာ ၆၆၀,၀၀၀ ရခဲ့ပါတယ်။

Retro Video Game တွေဟာ ပြီးခဲ့တဲ့ နှစ်များအတွင်း Collectors တွေအကြားမှာ ရေပန်းစားမှု မြင့်မားလာပြီး ရှေးဟောင်း Console နဲ့ Cartridge တွေရဲ့ လေလံ ဈေးနှုန်းတွေဟာ အရမ်း မြောက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ဟာလည်း Video Game တွေအတွက်သာမက Pokemon Cards တွေ စံချိန်တင် ဈေးကောင်းရခဲ့တဲ့ နှစ် ဖြစ်ပါတယ်။

Ref : gadgets.ndtv