ဂိမ်းကစားသူတွေရဲ့ အသည်းစွဲ Super Mario ဂိမ်းကို Android ဖုန်းတွေမှာ ဆော့လို့ရပါပြီ။ နီတန်းတိုး (Nintendo) ကုမ္ပဏီက ဒီဇင်ဘာလ ၁၅ ရက်နေ့ ကတည်းက iOS တွေ ကစားနိုင်ဖို့ တီထွင်ခဲ့ပေမယ့် Android တွေအတွက်တော့ မတ်လ ၂၃ ရက်နေ့မှ စတင် ထုတ်လုပ်လိုက်ပါတယ်။

ဂိမ်းက New Super Mario Bros ကိုဘဲ Graphic အနည်းငယ် ပိုကောင်းလာတာဘဲ ရှိပါတယ်။ Super Mario Run မှာတော့ အရှေ့သွား၊ အပေါ်၊ အောက်သွားတာလောက်ဘဲ လုပ်လို့ရပါတယ်။

အခမဲ့ ဒေါင်းလုပ်ခ် (Download) ဆွဲပြီး ဆော့နိုင်ပေမယ့် ဂိမ်းတစ်ခုလုံးပြီးအောင် ဆော့ချင်ရင်တော့ အမေရိကန်ဒေါ်လာ ၉.၉၉ ပေးပြီး ၀ယ်ရမှာဖြစ်ပါတယ်။ အဲ့ ဂိမ်းကိုဆော့ဖို့တော့ Android Version 4.2 ဒါမှမဟုတ် 4.2 အထက် ရှိဖို့ လိုအပ်ပါတယ်။ ဂိမ်းမှာ World Tour, Toad Rally နဲ့ Kingdom Builder လို့ခေါ်တဲ့ ၃ မျိုးပါဝင်ပြီး ကြိုက်နှစ်သက်ရာကို ကစားနိုင်ပါတယ်။