ဂျပန် ကုမ္ပဏီ ၂ ခု ဖြစ်တဲ့ Suzuki နဲ့ SkyDrive တို့က ဂျပန်မှာ လျှပ်စစ်ကားပျံ ပူးပေါင်း ထုတ်လုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ တိုးတက်လာတဲ့ လျှပ်စစ် ကားပျံ နယ်ပယ်မှာ ဦးဆောင်နိုင်ဖို့ ပူးပေါင်းကြတာ ဖြစ်ပြီး Suzuki က SkyDrive နဲ့ ပူးပေါင်းကာ ၂၀၂၄ ခုနှစ် နွေဦးမှာ ကားပျံ စတင် ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

ကုမ္ပဏီ ၂ ခုက ကားပျံ ထုတ်လုပ်ဖို့အတွက် ဂျပန် အလယ်ပိုင်းက Suzuki Group စက်ရုံကို ရည်ရွယ်ထားပြီး အနာဂတ်မှာ အဓိက သယ်ယူပို့ဆောင်ရေး ဖြစ်လာမယ့် ကားပျံတွေကို ထုတ်လုပ်ချင်နေတာပါ။

ကုမ္ပဏီ ၂ ခု ပူးပေါင်းမှုရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ SkyDrive ဟာ ကားပျံတွေ ထုတ်လုပ်ဖို့ လက်အောက် ကုမ္ပဏီခွဲ ၁ ခုကို တည်ထောင်ရမှာပါ။ Suzuki ကတော့ ပညာရှင်တွေ ငှားရမ်းတာလို ကားပျံထုတ်လုပ်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေကို ပြုလုပ်ရမှာပါ။

Suzuki and SkyDrive to jointly start producing flying cars in 2024 | The Japan Times

Suzuki Group စက်ရုံကို အသုံးပြုခြင်းအားဖြင့် လက်ရှိ အခြေခံ အ‌ဆောက်အဦးတွေကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။ Suzuki ရဲ့ ပညာရှင်တွေကို စွဲဆောင်နိုင်တဲ့ အရည်အချင်းကြောင့် ကားပျံ ထုတ်လုပ်ရာမှာ ပိုမို လွယ်ကူလာစေမှာပါ။

SkyDrive နဲ့ Suzuki တို့ဟာ ကားပျံတွေ ထုတ်လုပ်ဖို့ ပူးပေါင်းမယ်လို့ ကြေညာခဲ့တာ ၂၀၂၂ ခုနှစ် မတ်လကတည်းက ဖြစ်ပြီး အခုတော့ အသေးစိတ် အချက်အလက်တွေကို ဆွေးနွေးပြီးပြီဖြစ်ကာ ကုမ္ပဏီ ၂ ခုရဲ့ ပူးပေါင်းမှုကို အရှိန်အဟုန် မြှင့်တင်လိုက်တာ ဖြစ်ပါတယ်။

Ref : gizmochina