ဆွီဒင် လေယာဉ် ကုမ္ပဏီ Heart Aerospace က ကမ္ဘာ့ အကြီးဆုံး လျှပ်စစ် လေယာဉ် ဖြစ်တဲ့ Heart X1 ကို နယူးယောက်မှ Plattsburgh နိုင်ငံတကာလေဆိပ်မှာ ၂၀၂၅ ခုနှစ်မှာ စမ်းသပ်ပျံသန်းမှာ ဖြစ်ပါတယ်။
Heart X1 ဟာ ES-30 ရဲ့ နမူနာ မော်ဒယ် ဖြစ်ပြီး ထိုင်ခုံ ၃၀ ပါပါတယ်။ Hybrid-electric လေယာဉ် ဖြစ်ပြီး ကာဘွန် ထုတ်လုပ်မှု နည်းပါးအောင်နဲ့ ကုန်ကျစားရိတ်သက်သာအောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ES-30 ဟာ ခရီးတို (၁၂၄ မိုင်)အတွက် လျှပ်စစ် စွမ်းအင်ကို အသုံးပြုပြီး ၄၉၇ မိုင်အထိ ကွာဝေးတဲ့ ခရီးရှည်တွေအတွက် Hybrid Mode ကို အသုံးပြုပါတယ်။ လေယာဉ်ဟာ ခရီးသည် ၃၀ နဲ့ ၅၅ ပေါင်အထိ ခရီးဆောင်အိတ်တွေကို သယ်ဆောင်နိုင်ပါတယ်။
Heart Aerospace က လေယာဉ်ကွင်းကျယ်ပြီး လေယာဉ် နည်းပါးတဲ့အတွက် Plattsburgh နိုင်ငံတကာ လေဆိပ်ကို ရွေးချယ်ထားတာလို့ သတင်းဌာနတွေကို ပြောပါတယ်။ ကုမ္ပဏီရဲ့ CEO Anders Forslund က “ လျှပ်စစ် လေယာဉ်ပျံတွေဟာ ခရီးသွားတွေအတွက် ကုန်ကျစားရိတ်သက်သာစေပြီး ဒေသတွင်း စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းကို တိုးတက်စေပါတယ်။ “ လို့ ပြောပါတယ်။
Heart Aerospace က စမ်းသပ်မှု အောင်မြင်ရင် ၂၀၂၈ ခုနှစ်မှာ ES-30 ကို စီးပွားဖြစ် ရောင်းချဖို့ စီစဉ်ထားပါတယ်။